နယ်ခြားစောင့်ရဲခစန်း - နခခ ၅ ကို AA သိမ်းပိုက်ဟု သတင်းထွက်... မော်ဘီလေတပ်စခန်းကို BWM က ရှော့တိုက်ဒုန်းနဲ့ပစ်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ ...
(၈- ၁၂- ၂၀၂၄)
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ နောက်ဆုံးကျန်နေတဲ့ နခခ ၅ (အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်) ကို AA (အာရက္ခတပ်တော်) က ဒီဇင်ဘာ ၇ မနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ ဆိုရှယ်မီဒီယာမှာ သတင်းတွေ ပြန့်နေပါတယ်။
AA ကတော့ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။ ဒါပေမယ့် မနေ့က ထုတ်ပြန်ချက်ထဲမှာတော့ မောင်တောမှာ တခုပဲ ကျန်တဲ့ နခခ ၅ မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ရိက္ခာချပေးတာကလွဲရင် ဘာမှမလုပ်နိုင်တော့ဘူး … မကြာခင် သိမ်းနိုင်မယ်လို့ ဖော်ပြထားပါတယ်။
နောက်ဆုံး ကျန်နေတဲ့ နခခ ၅ ကိုသိမ်းလိုက်ခြင်းဟာ မောင်တော တမြို့လုံးကို သိမ်းတဲ့အပြင် ရခိုင် မြောက်ပိုင်း တခုလုံး၊ ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ် တခုလုံးကို AA က ထိန်းချုပ်လိုက်တဲ့သဘောလည်းဖြစ်ပါတယ်။
ဒါ့အပြင်...
- အမ်းမြို့ရှိ နပခ ဆီ မကွေးတိုင်းဘက်ကနေ စစ်ကူတက်လာတဲ့ တပ်မ ၈၈ လက်အောက်ခံ၊ ခမရ ၃၁၇၊ ၄၁၅ နဲ့ ၄၁၆ က အင်အား ၁၃၀ ပါ စစ်ကြောင်းနဲ့ ဧရာဝတီတိုင်းကနေ ဂွမြို့ဖက် စစ်ကူတက်လာတဲ့ ခလရ ၁၈၊ ၅၁၊ ၆၃ နဲ့ ခမရ ၅၃၂ က အင်အား ၁၈၀ ကျော်ပါ စစ်ကြောင်းကို AA က ချေမှုန်းရာမှာ ၂၀၀ ကျော်သေဆုံး၊ သုံ့ပန်းများစွာနဲ့ လက်နက်များစွာ ရရှိ...
- ဗန်းမော်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး မြို့တွင်း နေရာအတော်များများကို KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထား...
- တွင်းငယ် ရွာက နေရာ အချို့ကို တော်လှန်ရေး တပ်တွေကခွာပေးလိုက်ရတယ်ဆိုပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်သားအလောင်း ၂ လောင်းနဲ့ လက်နက်ငယ် ၂ လက် တော်လှန်ရေးတပ်တွေဘက်က သိမ်းမိ...
- မှော်ဘီ လေတပ်စခန်းကို ရှော့တိုက် ဒုံးနဲ့တိုက်တဲ့အတွက် စစ်လေယာဉ် ၂ စင်း ပျက်စီး၊ စစ်သား ၁၀ ဦးကျော် သေဆုံးတယ်လို့ BWM (Brave Warriors for Myanmar) က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment