မယ်လယု ခံစစ်စခန်းကနေ စစ်ကောင်စီတပ် ထွက်ပြေး... စစ်ကိုင်းတိုင်း တပ်မဟာအသစ်အတွက် PDF-MDY ရဲဘော်သစ်များဖိတ်ခေါ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
(၃၁- ၁၂- ၂၀၂၄)
ကရင်နီ-ထိုင်း နယ်စပ်၊ ရှားတောမြို့နယ်ရှိ မယ်လယု မဆုတ်တမ်း ခံစစ် တပ်စခန်းကနေ စစ်ကောင်စီတပ်တွေ ဆုတ်ခွာထွက်ပြေးသွားပြီး ကရင်နီပူးပေါင်းတပ်က ဝင်ရောက်သိမ်းပိုက်ရာမှာ ခဲယမ်းများစွာနဲ့ မော်တော်ယာဉ်တွေပါ ရရှိတယ်လို့ ဒေသတွင်း မီဒီယာ ကန္တာရဝတီတိုင်း(မ်) က ဖော်ပြပါတယ်။
အင်အား ၈၀ ခန့်နဲ့ စခန်းထိုင်ထားတဲ့ မယ်လယု စခန်းကို သိမ်းဖို့ ဒီဇင်ဘာ ၂၈၊ မနက် ၅ နာရီခန့်မှာ ကရင်နီ တပ်ပေါင်းစု ချီတက်စဉ် တိုက်ပွဲဖြစ်တာနဲ့ စစ်ကောင်စီဘက်က အခုလို စခန်းစွန့် ထွက်ပြေးသွားတာလို့ KA (ကရင်နီတပ်မတော်) အရာရှိတဦးက ပြောပါတယ်။
ဆိုရှယ်မီဒီယာမှာ ပြန့်နေတဲ့ ဗီဒီယိုထဲမှာတော့ လက်နက်ကြီး လက်နက်ငယ် ကျည်ဆန်တွေ သောင်းနဲ့ချီ တွေ့ရပြီး မော်တော်ကားတွေ၊ ဆိုင်ကယ်တွေလည်း တွေ့ရပါတယ်။
ဒါ့အပြင်...
- မြဝတီမြို့ ခရိုင် ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် ရဲတပ်သားအချို့ ဒဏ်ရာရ...
- ချင်းပြည်နယ် တောင်ပိုင်း၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနဲ့ တီးတိန် မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင်အဖွဲ့က ရဲဘော် ၁၀၀ ခန့် ကျဆုံး...
- ၂၀၂၅ ခုနှစ်မှာ တပ်မဟာအသစ် တခု တိုးချဲ့ဖွဲ့စည်းပြီး စစ်ကိုင်းတိုင်းမှာပါ စစ်ဆင်ရေးလုပ်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment