(တမခ ၂၂) တပ်မမှူးကို AA က အသေဖမ်းမိ... မာနယ်ပလောတိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှုးနဲ့ ၆ ဦးကို KNLA က လက်ရဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၉ ဒီဇင်ဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ နခခ ၅ (နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ) ဌာနချုပ် စခန်းကို AA က သိမ်းပိုက်စဉ် ထွက်ပြေး လွတ်မြောက်သွားတဲ့ အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် (တမခ ၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိတယ်လို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၈ မှာ နခခ ၅ ကနေ ထွက်ပြေးသွားတဲ့ အဖွဲ့တွေကို AA က လိုက်လံ ရှင်းလင်းရာမှာ စကခ ၁၅ (အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) စကခ မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ အဖွဲ့ကို ရွှေတောင် ကျေးရွာ အနောက်ဘက်မှာ လက်ရ ဖမ်းမိပြီးနောက် အခု သီတင်း တပတ်ကျော် ကြာမှ နောက်ထပ် တပ်မမှူး တဦးကို အသေ ဖမ်းမိတာဖြစ်ပါတယ်။
တမခ ၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံး အချို့၊ ရွှေထည် အချို့ အပါအဝင် ငွေ ကျပ် သိန်း ၈၀၀ ခန်နဲ့ အတူ ဒီဇင်ဘာ ၁၇၊ မွန်းတည့် ၁၂ နာရီခန့်မှာ မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်း ချောင်းနားရှိ ပုစွန်ကန် တဲမှာ အသေဖမ်းမိတာလို့ AA က ပြောပါတယ်။
တောင်ကုတ်က စကခ ၅ ကို သိမ်းပိုက်အပြီး၊ အမ်းမြို့က နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) က စစ်သားတွေ ရာနဲ့ချီ အလံဖြူထောင် လက်နက်ချနေတဲ့ ဗီဒီယိုတွေကို ဆက်တိုက် ထုတ်ပြန်ပြီးနောက် ဒီနေ့မှာတော့ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိတဲ့ သတင်း AA က ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒါ့အပြင်...
- KNU ဌာနချုပ်ဟောင်း မာနယ်ပလော စခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဖြိုးသီဟ အပါအဝင် သုံ့ပန်း ၆ ဦး ဖမ်းမိပြီး ၁၂၀ မမ စိန်ပြောင်း အပါအဝင် လက်နက်များစွာ သိမ်းမိ...
- စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်ငယ် ၃ လက်နဲ့အတူ ဒီဇင်ဘာ ၁၁ မှာ KNDF ထံ အလင်းဝင်...
- မုံရွာ နမခ ဘက်ကို ထွက်လာတဲ့ သံချပ်ကာယာဉ်နဲ့ ကြေးနီသယ် ယာဉ်တန်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၂ ဦးသေ၊ ၅ ဦးကို လက်ရဖမ်းမိ...
- ရပ်စောက်မြို့နယ်၊ ကျောက်ဂူအမြောက်တပ် (အမတ ၃၄၉) အနီး စစ်ကောင်စီတပ်နဲ့ DPLA (ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်တော်) တို့ ဒီဇင်ဘာ ၁၈ ညနေပိုင်းမှာ တိုက်ပွဲဖြစ်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment