Friday, December 13, 2024

“တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်နိုင်လို့ ဆီးရီးယားမှာ အောင်ပွ...


“တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းဆောင်ရွက်နိုင်လို့ ဆီးရီးယားမှာ အောင်ပွဲမြန်မြန်ရတာဖြစ်တယ်”

- ဒေါက်တာမီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၁၃- ၁၂- ၂၀၂၄)

“အာဏာရှင်အစိုးရတွေကို အိမ်နီးချင်းနိုင်ငံကြီးတွေက ဘယ်လိုပဲထောက်ခံအားပေးထားပါစေ- လူထုကလက်မခံရင် ပြိုကျတာပဲ။ တော်လှန်ရေးအင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်မှုမြန်မြန်လုပ်နိုင်လေ အောင်ပွဲမြန်မြန်ရလေဆိုတာကို ဆီးရီးယားဖြစ်စဉ်မှာ လေ့လာနိုင်တယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး- လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမီမီဝင်းဘတ်က ပြောပါတယ်။

ဆီးရီးယားမှာ အာဏာရှင် အာဆတ်အစိုးရပြုတ်ကျသလိုမျိုး မြန်မာနိုင်ငံက အာဏာရှင် မင်းအောင်လှိုင်ပြုတ်ကျနိုင်သလား၊ ဆီးရီးယားဖြစ်စဉ်အပေါ် မြန်မာတော်လှန်ရေးသမားတွေ ဘာတွေလေ့လာသင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ဆီးရီးယားမှာ အာဏာရှင် အာဆတ်အစိုးရ ရုတ်တရက်ပြိုကျသွားတာ ဘာကြောင့်လဲ...

- ဆီးရီးယားတော်လှန်ရေးနဲ့ မြန်မာ့တော်လှန်ရေးကြားမှာ ဘာတွေတူပြီး ဘာတွေကို အလေးပေး လေ့လာသင့်သလဲ...

- ရုရှားတို့၊ တရုတ်တို့က ဘယ်လောက်ပဲကူညီပေးနေပါစေ လူထုက လက်မခံရင် မင်းအောင်လှိုင်လည်း မကြာခင်သွားမှာပဲလို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တရုတ်-မြန်မာဆက်ဆံရေး၊ နွေဦးတော်လှန်ရေးရဲ့ ၂၀၂၅ မျှော်မှန်းချက်တွေအကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ လာမယ့်ရက်တွေမှာ ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More