တောင်ကုတ် စကခ ၅ ကို AA သိမ်းပိုက်... ညောင်လေးပင်က စစ်တပ်စခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ
(၁၆- ၁၂- ၂၀၂၄)
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ှရှိ စကခ-၅ (အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်) ကို ဒီဇင်ဘာ ၁၄ ရက်၊ ညနေပိုင်းမှာ AA- အာရက္ခတပ်တော်က အလုံးစုံ သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းမီဒီယာ Western News က ဖေါ်ပြပါတယ်။
တောင်ကုတ်မြို့ပြင်မှာ နောက်ဆုံးကျန်နေတဲ့ စကခ ၅ တပ်မဌာနချုပ်၊ ခမရ ၅၄၄ နဲ့ ၃၄၆ တို့ကို သိမ်းလိုက်ပြီ၊ တောင်တုတ်ဒေသတခုလုံးကို AA က အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။
စကခ ၅ သိမ်းပွဲအတွင်း စစ်ကောင်စီတပ်သားတွေ လက်နက်ချတာရှိတယ်၊ သုံ့ပန်းတွေ၊ လက်နက်တွေအများကြီးရတယ်လို့ သတင်းတွေထွက်နေပေမယ့် AA ဖက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း မောင်တောမှာ နောက်ဆုံးကျန်နေတဲ့ နခခ ၅ ကို သိမ်းပြီးတဲ့နောက် တောင်ကုတ်က စကခ ၅ နဲ့ အမ်းက နပခ ဌာနချုပ်တွေကို AA က အရှိန်မြင့် ထိုးစစ်ဆင်လာပြီး အခု စခက ၅ ကိုသိမ်းတဲ့အတွက် အမ်းက နပခ ပဲ သိမ်းဖို့ ကျန်ပါတယ်။
ဒါ့အပြင်...
- ညောင်လေးပင် - မဒေါက် ကားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ မလူးတဲ ကာကင်းဂိတ်စခန်းကို PDF အမှတ်(၃၇၀၃) တပ်ရင်းကဝင်တိုက်ရာမှာ လက်နက် ၅ လက်ရရှိ...
- တိုင်းစစ်ဌာန(ဧရာဝတီ)ကိုဖွဲ့စည်းပြီး ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ပြီး မဟာမိတ် (EROs) တွေနဲ့ လက်တွဲဆောင်ရွက်နေပြီလို့ အမှတ်(၂)စစ်ဒေသခွဲက အသိပေး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။
1 comments:
အမ်းကစစ်သူနာပြုများထဲကအသက်ရှင်တဲ့သူရှိလားဖြေကြားပေးပါအဆက်အသွယ်မရလို့ပါလက်နက်ချတဲ့အထဲရောပါလားသိချင်ပါတယ်
Post a Comment