Sunday, December 29, 2024

“စစ်တိုင်းဌာနချုပ် ၂ ခုနဲ့ တပ်ရင်း ၂၀၀ လောက်ပြုတ်ထွက်သွားတဲ့အချက်က စစ်တပ...


“စစ်တိုင်းဌာနချုပ် ၂ ခုနဲ့ တပ်ရင်း ၂၀၀ လောက်ပြုတ်ထွက်သွားတဲ့အချက်က စစ်တပ်ရဲ့ လက်ရှိအခြေအနေပါ”

- လင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၂၉ -၁၂- ၂၀၂၄)

“ရမခ နဲ့ နပခ စစ်တိုင်းဌာနချုပ် ၂ ခုအပါဝင် တပ်ရင်း ၂၀၀ လောက်ပြုတ်ထွက်သွားတယ်၊ သေဆုံး၊ လက်နက်ချ သောင်းနဲ့ချီရှိတယ်ဆိုတဲ့အချက်က ဒီနေ့ စစ်တပ်ရဲ့ အခြေအနေမှန်ကို ပြသနေတာဖြစ်တယ်၊ တော်လှန်ရေးတပ်တွေက တဖြေးဖြေး အနိုင်ရလာပြီး စစ်တပ်က တဖြေးဖြေး ရှုံးနေတယ်” လို့ CDM- ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

၂၀၂၄ အတွင်း စစ်တပ်အခြေအနေ ဘယ်လောက်အထိ ဆိုးခဲ့သလဲ၊ ၂၀၂၅ မှာကော ဘယ်လိုဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- စစ်ကောင်စီရဲ့ တပ်ရင်း ၂၀၀ လောက် တနှစ်အတွင်း ပြုတ်ထွက်သွားတာ ဘာကြောင့်လဲ...

- သေဆုံး၊ လက်နက်ချဦးရေက ဘယ်လောက်များနေပြီလဲ... ဘာကြောင့်လဲ...

- AA ရဲ့ ဗျုဟာနဲ့ တိုက်ခိုက်ရေးစွမ်းရည်က အားလုံးကို အံ့သြသွားစေသလား...

- စစ်ဌာနချုပ် ၂ ခုနဲ့ တပ်ရင်း ၂၀၀ ခန့် ပြုတ်သွားတာ တော်လှန်ရေးတပ်တွေ တော်လို့လား... စစ်တပ်က ညံ့လို့လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လာမယ့် ၂၀၂၅ မှာကော စစ်တပ်က အခုနှုန်းအတိုင်း ဆက်ပြိုဆင်းမှာလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩
မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More