“စစ်တပ်အတွင်း မငြိမ်သက်မှုအပါဝင် ဂယက်ရိုက်မှုတွေ အများကြီးရှိလာနိင်ပါတယ်”
- ဦးအောင်ထူး (Human Rights Lawyer & Founder of Legal Aid Network)
(၁- ၁၂- ၂၀၂၄)
“ICC ကသာ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်လိုက်ရင် စစ်တပ်အတွင်း မငြိမ်သက်မှုအပါဝင် မြန်မာ့နိုင်ငံရေးအပေါ် ဂယက်ရိုက်မှုအများကြီးရှိလာနိုင်တယ်” လို့ ဥပဒေပညာရှင် ဦးအောင်ထူးက ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့တဲ့ ပြစ်မှုအတွက် စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်ကို ICC နိုင်ငံတကာရာဇဝတ်မှုတရားရုံးကနေ ဖမ်းဝရမ်းထုတ်ဖို့ ပြင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ICC တရားစွဲအရာရှိက သမ္မန်စာနဲ့ ဆင့်ခေါ်တဲ့အဆင့်ကို မသွားပဲ ဘာကြောင့် ဖမ်းဝရမ်းထုတ်တဲ့အဆင့်ကို တခါတည်း တောင်းဆိုတာလဲ...
- အမှုသွားအမှုလာအရ ဖမ်းဝရမ်းထုတ်ဖို့ တကယ်ဖြစ်နိုင်ခြေရှိနေပြီလား...
- သမ္မတ ပူတင်၊ ဝန်ကြီးချုပ် နေတန်ညာဟုတို့နဲ့ မင်းအောင်လှိုင်ကြားမှာ ဘယ်လို ကွာခြားချက်တွေရှိသလဲ...
- ICC ဖမ်းဝရမ်းက တရုတ်ရဲ့ ဖိအားပေးမှုကိုပါ တားဆီးနိုင်သလား...
- စစ်တပ်အတွင်း မငြိမ်သက်မှု ဘာကြောင့်ပြန်ဖြစ်လာနိုင်တာလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment