“နယ်စပ်တွေကို ထိန်းချုပ်ထားတဲ့ အဖွဲတွေနဲ့မဆွေးနွေးပဲ ဝရမ်းပြေး စစ်ကောင်စီကို ဖိတ်ခေါ်ဆွေးနွေးတာကတော့...”
- ပဒိုစောတောနီး (KNU- ပြောခွင့်ရပုဂ္ဂိုလ်)
(၁၉ -၁၂-၂၀၂၄)
“ထိုင်းနယ်စပ်အပါဝင် မြန်မာနိုင်ငံရဲ့ နယ်စပ်တလျောက်လုံးကို ထိန်းချုပ်ထားတဲ့ EROs တွေနဲ့မဆွေးနွေးပဲ စစ်ရှုံးနေတဲ့၊ ဝရမ်းပြေးစစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ခေါ်ဆွေးနွေးတာကတော့ လက်ရှိမြေပြင်အခြေအနေနဲ့ ကင်းကွာနေတယ်” လို့ KNU- ကရင့်အမျိုးသားအစည်းအရုံးပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။
ဒီဇင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့တွေမှာ ထိုင်းနိုင်ငံမှာကျင်းပမယ့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲနဲ့ပတ်သက်ပြီး BNN က သဘောထားမေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
ထိုင်းနိုင်ငံကဆွေးနွေးပွဲအပေါ် ရှုမြင်ချက်နဲ့ မာနယ်ပလောဌာနချုပ်ဟောင်းစခန်းနေရာ ပြန်သိမ်းနိုင်မှုအပေါ် ပဒိုစောတောနီး ပြောကြားထားတာကို ထုတ်လွှင့်ပေးလိုက်ပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment