ရခိုင်ရိုးမပေါ်က တပ်စခန်းတွေကို AA ထိုးစစ်ဆင်... မံစီမှာ KIA ထိုးစစ် အရှိန်မြှင့်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၇- ၁၂- ၂၀၂၄)
ခေါင်းဆောင် မပီသသူတွေရဲ့အောက်မှာ အသက်အသေခံပြီး မတိုက်သင့်တဲ့အတွက် အမြန်ဆုံး အလံဖြူထောင်ကြဖို့ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) စစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက စစ်ကောင်စီ တပ်သားတွေကို တိုက်တွန်းလိုက်ပါတယ်။
AA (အာရက္ခတပ်တော်) က မနေ့ညနှောင်းပိုင်းထုတ်ပြန်တဲ့ နပခ သိမ်း စစ်ဆင်ရေး မှတ်တမ်း ဗီဒီယိုထဲမှာ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက အဲဒီလို ပြောထားတာပါ။
ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ ပထဝီအနေအထားအရ စစ်ကူအချိန်မီပို့ဖို့မလွယ်တဲ့အတွက်နပခ ကျဆုံးရတာဖြစ်ပါတယ်။ နပခ-ကျသွားပြီ၊ ရခိုင်မှာ စစ်ရှုံးနေပြီဆိုတာကို စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝန်ခံဖို့လိုတယ်။
အောက်ခြေတပ်သားတွေ အသက်မဆုံးရှုံးရအောင်၊ အများပြည်သူရဲ့ မုန်းတီးခြင်းမခံရအောင် အရပ်သားတွေအပေါ် ဗုံးကြဲတာ ရပ်ဖို့လိုတယ်လို့လည်း ဗိုလ်မှူးချုပ်ကျော်ကျော်သန်းကပြောပါတယ်။
အရင်က ဖော်ပြပြီးဖြစ်တဲ့ အလံဖြူထောင် လက်နက်ချသူတွေအပြင် နောက်ထပ် လက်နက်ချသူ အများအပြားကိုလည်း ရုပ်သံ မှတ်တမ်းမှာ တွေ့ရပါတယ်။
ဗိုလ်မှူးချုပ်ကျော်ကျော်သန်းကတော့ အာရက္ခတပ်တော်ဟာ သုံ့ပန်းတွေကို ဥပဒေနဲ့အညီ ဆေးကုသပေးပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတဲ့အတွက် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်က စစ်သားတွေလည်း အမြန်ဆုံး လက်နက်ချသင့်တယ်လို့ တိုက်တွန်းထား ပါတယ်။
ဒါ့အပြင်...
- ရခိုင်ရိုးမပေါ် ကျန်နေတဲ့ စစ်ကောင်စီ စခန်းတွေကို AA (အာရက္ခတပ်တော်) က ထိုးစစ်ဆင် ရှင်းလင်းနေ...
- ပထဝီ အနေအထားအရ နယ်မြေချင်း ကျောချင်းကပ်ထားတဲ့ မင်းတပ်ဒေသ လွတ်မြောက်မှုကနေ ယောဒေသ လွတ်မြောက်ရေးအတွက် မဟာမိတ် တပ်တွေနဲ့ ပူးပေါင်းပြီး စစ်ရေးအရှိန် တိုးမြှင့်သွားမယ်လို့ YA (ယောတပ်တော်) က သတင်းထုတ်ပြန်...
- မတ္တရာမြို့နယ်၊ ထန်းတောကုန်း တဲတိုက် ဘုန်းကြီးကျောင်းဝင်းထဲကို စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတဲ့အတွက် ကလေး ၂ ဦး သေဆုံး၊ အခြား ၃ ဦး ဒဏ်ရာရ...
- စစ်ကိုင်းမြို့ က ထွက်လာတဲ့ သံပြားကာ မော်တော်ကား ၆ စီးကို တိုင်ရင်းသား စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် အနီး အရောက်မှာ ဒေသခံ တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၂ ဦး သေဆုံး...
- ဗန်းမော်နဲ့ မံစီမှာ KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ် ပြင်းထန်နေပြီး မံစီရှိ ခမရ ၃၁၉ က တပ်ရင်းမှူးကို လက်ရဖမ်းမိ၊ ဗျူဟာမှူး သေဆုံးတယ်လို့ သတင်းထွက်နေ...
- ခလရ ၂၆၈ က တပ်သား စစ်ပိုင်ဖြိုး MA-1 သေနတ် တလက်နဲ့အတူ့ ဂန့်ဂေါမြို့နယ် ပကဖ ထံ အလင်းဝင်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment