Friday, May 31, 2024

ဒေါနတောင်မှာ တိုက်ပွဲပြင်းထန်... မုံရွာမြို့ပတ်လမ်းပေါ် PDF တိုက်ခိုက်...


ဒေါနတောင်မှာ တိုက်ပွဲပြင်းထန်... မုံရွာမြို့ပတ်လမ်းပေါ် PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၁- ၆- ၂၀၂၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးဖက်ရှိ မြပတိုင်၊ ရင်ခွဲတောင်၊ နဘူး စတဲ့ကျေးရွာတွေဆီစစ်ကောင်စီ တပ်တွေဝင်ရောက်လာနေတယ်လို့ KIC- Karen Information Center က ဖေါ်ပြပါတယ်။

ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်းမှာ စစ်ကောင်စီတပ်၊ BGF- ကရင်နယ်ခြားစောင့်တပ် ၊ KNLA /PC (ကရင်ငြိမ်းချမ်းရေးကောင်စီ)တပ်တွေရှိနေပြီး လုံခြုံရေးဂိတ်တွေတိုးချဲ့ချထားနေတယ်လို့လည်း ဆိုပါတယ်။

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဘက်မှာတော့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပါတယ်။

ဒီတောအတွင်း ဒေါနတောင်ခြေက အောင်ဇေယျစစ်ကြောင်းကို အပြီးသတ် ရှင်းလင်းနိုင်ရေးအတွက် Campaign Taw Naw ၊ တနည်းအားဖြင့် ကမ်ပိန်းဒေါ်န လို့အမည်ပေးထားတဲ့ ရန်ပုံငွေရှာဖွေရေးအစီစဉ်တခု ဒီနေ့ ဇွန် ၁ ရက် ညနေပိုင်းမှာ ကျင်းပဖို့ရှိနေပါတယ်။ KNU ဗဟိုအလုပ်မှုဆောင်ကော်မီတီဝင် ပဒိုစောတောနီ တက်ရောက် ဆွေးနွေးမယ်လို့ အသိပေးနှိုးဆော်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင်...

- ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဝကုန်းရွာဖက်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- ကျောက်တံခါးမြို့နယ်၊ မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်းပိုင်းမှာ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများ...

- ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာအနီးရောက်လာတဲ့ စစ်တပ်အရာရှိ ၂ ဦးပါဝင်တဲ့ အိမ်စီးကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- မုံရွာမြို့ပတ်လမ်းမှာ အိမ်စီးကားနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ပြီး လက်နက်ငယ် ၄ လက်ရရှိ...

- အမှတ် (၂) စစ်ဒေသခွဲ၊ ဒရုန်း လက်ရုံးတပ်ဖွဲ့ သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More