Friday, May 24, 2024

တွန်းဇံမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် လက်နက်ချ... ထို့ကော်ကိုးဖက်...


တွန်းဇံမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် လက်နက်ချ... ထို့ကော်ကိုးဖက်ကနေ မြဝတီကို စစ်ကူပို့နေဟုဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၅- ၅ -၂၀၂၄)

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို မေ ၂၃ မှာ ချင်းတော်လှန်ရေးတပ်တွေက လုံး၀ ထိန်းချုပ်လိုက်ပြီဖြစ်ပြီး နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်ကို အရှင်ဖမ်းမိထားတယ်လို့ The Chin Journal က ဖေါ်ပြပါတယ်။

မေ ၂၁ မှာ စစ်တပ်စခန်းကို သိမ်းပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ စစ်ကူတွေထပ်ပို့ပေးခဲ့ပြီး ထပ်မံတိုက်ခိုက်ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ စစ်သားအတော်များများ တီးတိန်ဖက် ထွက်ပြေးသွားပြီး ဒဏ်ရာရသူတွေပါဝင်တဲ့ အင်အား ၄၀ ခန့်ကို အခုလို အရှင်ဖမ်းမိတာဖြစ်တယ်လို့ CNA တာဝန်ရှိသူတဦးပြောတာကို ကိုးကားဖေါ်ပြပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံ ၁၀၀ ကျော်နဲ့ ငွေသား သိန်း ၃ ထောင်ကျော်သိမ်းမိတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ရေစကြိုနယ်မြို့နယ် ကျောက်ထပ်ရွာ၊ ဇီးတောရွာတွေဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ငယ် ၅ လက် သိမ်းမိ...

- KIA နဲ့ မဟာမိတ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ဝိုင်းမော်မြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတဲ့အတွက် အရပ်သား ထိခိုက်မှုရှိ...

- ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူတက်ရန် ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ကြီးတွေပါ ထိခိုက်ပျက်စီး...

- ဒေါနတောင်ခြေနေက ရှေ့မတိုးနိုင်ဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ အပစ်ရပ် ကရင်အဖွဲ့အချို့ရဲ့ အကူအညီနဲ့ ထို့ကော်ကိုးလမ်းကနေ မြဝတီကို စစ်ကူတွေပို့ထားတာ အင်အား ၅၀၀ ခန့်အထိရှိနေပြီး ဒေါနတောင်ကို ၂ ဖက်ညှပ် ထိုးစစ်ဆင်နိုင်ဟုဆို...

- AA အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် ၅ သိန်းကျော်အထိရှိနေပြီး အခု နောက်ဆုံးသိမ်းတဲ့ ဘူးသီးတောင်- မောင်တောမှာတင် ၂ သိန်းခန့်ရှိတယ်၊ ဒီလူတွေအတွက် ရိက္ခာနဲ့အခြားလိုအပ်ချက်တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက လှူဒန်းပေးဖို့ AA က နှိုးဆော်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More