Sunday, May 19, 2024

“ကျီခါးမြို့မှာ စစ်ကောင်စီ ကင်းစင်ပြီ - တွန်းဇံမြို့ကိုဆက်သိမ်းဖို့ဆောင်...


“ကျီခါးမြို့မှာ စစ်ကောင်စီ ကင်းစင်ပြီ - တွန်းဇံမြို့ကို
ဆက်သိမ်းဖို့ဆောင်ရွက်နေပါတယ်”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF/ CNA)

“ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိ ကျီခါးမြို့ကို
ချင်းတော်လှန်ရေးတပ်တွေက ဒီမနက် ဝင်ရောက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ
ကင်းစင်နယ်မြေဖြစ်သွားပြီ၊ တွန်းဇံမြိုရှိ စစ်တပ်စခန်းနဲ့
ရဲစခန်းတွေကိုလည်းသိမ်းပြီးဖြစ်တယ်၊ ဒါပေမယ့် လုံးဝင် ကင်းစင်အောင်
လုပ်စရာနည်းနည်း ကျန်နေသေးတယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF/ CNA)
ပြောခွင့်ရ ဆလိုင်းထက်နီ ကပြောပါတယ်။

ကျီခါးမြို့ကို ဒီနေ့သိမ်းလိုက်တဲ့အခြေအနေ၊ ချင်းပြည်နယ်မှာ
စစ်ကောင်စီကင်းစင်ဖို့ နီးလာပြီလား... စသဖြင့် BNN သတင်းဌာနက
ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ကျီခါးနဲ့ တွန်းဇံရဲ့ နောက်ဆုံးအခြေအနေ...

- ချင်းပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်ဖို့ နီးလာပြီလား...

- မြို့သိမ်းတိုက်ပွဲတွ ဆက်တိုက်လာဖို့ရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More