Sunday, May 5, 2024

“ဆွမ်ပရာဘွမ်မြို့ကို KIA သိမ်းပိုက်... အောင်ဇေယျစစ်ကြောင်း ထိခိုက်ကျဆုံး...


“ဆွမ်ပရာဘွမ်မြို့ကို KIA သိမ်းပိုက်... အောင်ဇေယျစစ်ကြောင်း ထိခိုက်ကျဆုံးမှုများနေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၆- ၅- ၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့အခြေစိုက် ခလရ (၄၆) ရဲ့ ဗျုဟာကုန်းကို မနေ့က အလုံးစုံသိမ်းပိုက်နိုင်လိုက်ပြီဖြစ်တယ်လို့ KIA  ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

စစ်ကောင်စီဖက်က လေကြောင်းပစ်ကူအပါဝင် လက်နက်ကြီးတွေသုံးပြီး ခုခံနေတဲ့အတွက် ဒီစခန်းသိန်းနိုင်ဖို့ ၂ လနီးပါးကြိုးစားခဲ့ရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ 

ဒေသတွင်းမီဒီယာဖြစ်တဲ့ The 74 Media ရဲ့ဖေါ်ပြချက်အရ မတ်လ ၁၆ ရက်နေ့ကတည်းက ဆွမ်ပရာဘွမ်မြို့ ထိုးစစ်ကိုစတင်ခဲ့ပြီး ရဲခစန်းနဲ့ မြို့ကို ပထမ နေ့မှာတင်သိမ်းနိုင်ပေမယ့် စစ်တပ်စခန်းကိုတော့ မနေ့ကမှ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

နေ့စဉ် လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်လုပ်နေတဲ့ကြားက KIA နဲ့ မဟာမိတ်တွေက အခုလို သိမ်းလိုက်နိုင်တာဖြစ်ပါတယ်။ စစ်တပ်စခန်းကျသွားပြီဖြစ်တဲ့အတွက် ဆွမ်ပရာဘွမ်မြို့သိမ်း တိုက်ပွဲလို့လည်း ဆိုနိုင်ပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်ကအကျအဆုံးများပြီး လက်နက်ကြီးတွေအပါဝင် လက်နက်များစွာသိမ်းမိတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖေါ်ပြပေမယ့် ဗိုလ်မှူးကြီးနော်ဘူကတော့  အသေးစိပ်ထုတ်ပြောခြင်းမရှိပါဘူး။

တချိန်တည်းမှာပဲ ဝိုင်းမော်မြို့နယ်ရှိ နာမည်ကြီး ဂီဒွန်စခန်းအပါဝင် စစ်ကောင်စီ စခန်း ၅ ခုကို မနေ့က တရက်တည်းမှာတင် KIA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

ဒီစခန်းသိမ်းပွဲမှာလည်း ၁၀၅ မမ အမြောက်ကြီးအပါဝင် လက်နက်ကြီး-ငယ် များစွာသိမ်းမိတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။ 

ဒါ့အပြင်...

- ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူတက်ဖို့ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ဗိုလ်ကြီးတဦးအပါဝင် ၁၂ ဦးသေ၊ ၁၈ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ကျားဖြူစစ်ကြောင်း -Albino Tiger Column- က သတင်းထုတ်ပြန်...

- အောင်ဇေယျစစ်ကြောင်းက တပ်မ ၅၅ လက်အောက်ခံ စစ်သား ၃ ဦး လက်နက်တွေနဲ့အတူ အမှတ်(၃၁)ဗျူဟာ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာ...

- ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာဖက် ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သား (၁၁) ဦးသေဆုံး...

- မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ၇ ဦးသေ၊ လက်နက် ၅ လက်ရရှိ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More