Tuesday, May 14, 2024

“မံစီနဲ့ မိုးမောက်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်... ဖောင်းပြင်က စစ်တပ်စခန်...


“မံစီနဲ့ မိုးမောက်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်... ဖောင်းပြင်က စစ်တပ်စခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၅- ၅- ၂၀၂၄)

ကချင်ပြည်နယ်၊ မံစီနဲ့ မိုးမောက်မြို့မှာ ရဲစခန်းနဲ့ မြို့တဝက်လောက်ကို သိမ်းနိုင်ပြီဖြစ်ပေမယ့် တပ်စခန်းတွေကိုသိမ်းဖို့ကြိုးစားနေဆဲဖြစ်တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

စစ်ကောင်စီဖက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲလို့ KIA ပြောခွင့်ရ ဗိုလ်မှူးူကြီးနော်ဘူက ပြောပါတယ်။

ဒေသတွင်းမီဒီယာ KNG - Kachin News Group ကတော့ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာကို ၁၃ ရက်နေ့ညမှာ စစ်တပ်က ဗုံးကြဲတဲ့အတွက် အရပ်သားတဦးသေ ၂ ဦးဒဏ်ရရတယ်လို့ ဖေါ်ပြပါတယ်။

ည ၈ နာရီကျော်ကျော်မှာ မြို့သစ်ဆေးရုံအနီး ဗုံးကျလာပြီး ဆေးရုံဘေးက အအေးဆိုင်ဖွင့်ထားတဲ့ ဆိုင်ပိုင်ရှင် ဗုံးထိသေဆုံးသွားတယ်လို့ဆိုပါတယ်။ နေအိမ်အချို့လည်း မီလောင်ပျက်စီးတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- တလကြာတဲ့အထိ ဒေါနတောင်ခြေကနေ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ အောင်ဇေယျ စစ်ကြောင်းဟာ အခုရက်ပိုင်း လေကြောင်းပစ်ကူနဲ့ ဒရုန်းတွေကို ပိုမိုးသုံးစွဲပြီး ရှေ့တိုးဖို့ ထပ်ကြိုးစားနေ...

- KNLA တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘောကထ-စစ်ကောင်စီတပ်စခန်းက စစ်သား ၃၀ ခန့် စခန်းစွန်ခွာထွက်ပြေး...

- ဖောင်းပြင်မြို့နယ်၊ ပုဂံတောင်ရွာရှိ စစ်ကောင်စီနဲ့ ပျုစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ငယ် ၅ လက် ရရှိ...

- ဆောမြို့နယ်၊ တောမကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၇ ဦးသေဆုံးပြီး ၉ ဦး အပြင်းအထန်ဒဏ်ရာရ...

- ဘောလခဲမြို့နယ်ရဲစခန်းက တပ်သားတဦး ကရင်နီပြည်တပ်မတော် KA ထံ လက်နက်နဲ့အတူ CDM အဖြစ် ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More