Thursday, May 9, 2024

“မိုးမောက်နဲ့ မံစီမြို့က အရေးကြီးနေရာတွေကို KIA သိမ်းပိုက်...ပဲဒက်စခန်းမ...


“မိုးမောက်နဲ့ မံစီမြို့က အရေးကြီးနေရာတွေကို KIA သိမ်းပိုက်...
ပဲဒက်စခန်းမှာ အရှင်ဖမ်းမိသူ၂၆ ဦးရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၀ -၅ - ၂၀၂၄)

ကချင်ပြည်နယ်၊ မိုးမောက်နဲ့ မံစီမြို့တွေမှာ ရဲစခန်းအပါဝင်
အရေးကြီးနေရာအတော်များများကို သိမ်းပိုက်ပြီးဖြစ်ပေမယ့် တမြို့လုံးကို
ထိန်းချုပ်နိုင်တဲ့အနေအထားမျိုးတော့ မဟုတ်သေးဘူးလို့ KIA
ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။

မံစီရှိ စစ်တပ်စခန်း ၂ ခုရဲ့ ကာကင်းတွေကို သိမ်းပြီးဖြစ်တဲ့တိုင်
စစ်တပ်ဖက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေဆဲဖြစ်တယ်လို့ KIA
ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေသတွင်း မီဒီယာဖြစ်တဲ့ KNG- Kachin News Group ကတော့ တိုက်ပွဲဟာ
ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာအထိရောက်နေပြီဖြစ်တဲ့အတွက်
ဗန်မော်ဒေသခံတွေဟာ မေလ ၉ ရက်နေ့ ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြပြီလို့
ဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ မြစ်ကြီးနား-မြို့အနီးက ဗလမင်းထင်တံတား စစ်တပ်ဂိတ်ကို
မနေ့က နေ့လယ် ၂ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်။

တခါ ဝိုင်မော်မြို့နယ်ရှိ ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ညမှာ
စစ်ကောင်စီက မိုင်းခွဲ ဖျက်ဆီးလိုက်တယ်လို့လည်း ဒေသတွင်း မီဒီယာတွေမှာ
ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၊ ပဲဒက် စခန်းသိမ်းတိုက်ပွဲအတွင်း
စစ်ကောင်စီဖက်က ၈ ဦးသေ၊ ၂၆ ဦးအရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၃၀
သိမ်းမိတယ်လို့ တနသာင်္ရီတိုင်း စစ်ဌာန က သတင်းထုတ်ပြန်...

- မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိ စစ်ကောင်စီတပ်စခန်းကို
တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်သား ၂၀ ခန့်အထိ
သေဆုံး...

- ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ဝါးပိုးတော-စစ်ကောင်စီတပ်စခန်းကို
တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့အတွက် စစ်သား ၆
ဦးသေပြီး ၄ ဦးဒဏ်ရာရတယ်လို့ KNLA Nighthawks အဖွဲ့က သတင်းထုတ်ပြန်...

- စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗောဓီတထောင်မှာ ဘုရားဝင်းမှာ
တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စစ်သားတွေ ရေခပ်ဆင်းချိန်မှာ
တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်တဲ့အတွက် ၂ ဦးသေ၊ လက်နက်ငယ်တလက်
သိမ်းမိ...

- မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ရှိ အကြည်ပန်းမလွန်း
ကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေယာဉ်က
ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူ‌ဦးရေ ၂၀ ခန့်သေဆုံးနိုင်ပြီး ၃၀ ကျော်
ဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More