Friday, May 17, 2024

“ထားဝယ် စကခ (၈) ဌာနချုပ်ကို PDF တွေ တိုက်ခိုက်... မံစီက စစ်တပ်စခန်းတွေကိ...


“ထားဝယ်က စကခ (၈) ဌာနချုပ်ကို PDF တွေ တိုက်ခိုက်... မံစီက စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၈- ၅ -၂၀၂၄)

ထားဝယ်မြို့အရှေ့ဖက် သပြေချောင်းရွာမှာ အခြေစိုက်တဲ့ စကခ- စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်(၈) ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက် စစ်ရဟတ်ယာဉ်နဲ့ စစ်အရာရှိတွေ ထိခိုက်မှုရှိနိုင်တယ်လို့ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

မေလ (၁၆) ရက်၊ မနက် ၁၁ နာရီခန့်မှာ ဗုံးသီး ၈ လုံးကို ဒရုန်းနဲ့ကြဲချခဲ့တာဖြစ်ပြီး စစ်အရာရှိတွေ စုဝေးတဲ့နေရာနဲ့ MI-2 ရဟတ်ယာဉ် (၂)စီး ရပ်ထားတဲ့နေရာကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲလို ပစ်ခံရပြီးနောက်မှာ စစ်တပ်ဖက်က (၁၂၀)မမ နဲ့ အနီးအနားရှိ ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်တဲ့အပြင် စစ်ရဟတ်ယာဉ်တစီးကလည်း စက်သေနတ်နဲ့ တုန့်ပြန် ပစ်ခတ်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဒီစစ်ဆင်ရေးမှာ ပါဝင်တဲ့တော်လှန်ရေးတပ်တွေကတော့ ဒေါနစစ်ကြောင်း တပ်ခွဲ(၄) KBDF Drone တပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်းက Sky Ghost Drone Force၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းက T5 Wing၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ် TPLF Drone တပ်ဖွဲ့၊ YAF Drone တပ်ဖွဲ့တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မျာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မံစီမြို့ရှိ ခ.မ.ရ (၃၁၉) နဲ့ (၆၀၁) တပ်စခန်းတွေကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင် တိုက်ခိုက်...

- ပခုက္ကူမြို့နယ်နဲ့ ရေစကြိုမြို့နယ်အစပ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက် ၉  လက်ရရှိ...

- PDF အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ NCO အကြပ်သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို မေလ (၁၄) ရက်နေ့က ကျင်းပ...

- အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ (ကရင်နီစစ်ဒေသ) အမှတ် (၁၁၀၈) တပ်ရင်း၊ ဖားဆောင်း PDF  ရဲ့ အပတ်စဉ် (၁၀) အခြေခံ စစ်သင်တန်းဆင်းပွဲတခု မေလ ၁၆ ရက်က ဖားဆောင်းမှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More