Monday, May 6, 2024

“စစ်ကောင်စီ ရဟတ်ယာဉ်ကို ကရင်နီတပ်တွေ ပစ်ချ... စကခ ၁၅ က ရာနဲ့ချီ လက်နက်ချ...


“စစ်ကောင်စီ ရဟတ်ယာဉ်ကို ကရင်နီတပ်တွေ ပစ်ချ... စကခ ၁၅ က ရာနဲ့ချီ လက်နက်ချတဲ့ ဗီဒီယိုမှတ်တမ်း AA ထုတ်ပြန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၇- ၅ -၂၀၂၄)

ကရင်နီပြည်နယ်၊ ဖားဆောင်းဖက်ရောက်လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချတဲ့ ရုပ်-သံဖွိုင်တခုကို ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ- KNPLF က ထုတ်ပြန်ပါတယ်။

ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) နဲ့ (၁၃၅)ကို စစ်ကူလာပို့တဲ့ ရဟတ်ယာဉ်ကို မေလ ၆  မနက် ၁၁ နာရီ ၄၅ မိနစ်မှာမှာ ပစ်ချလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ကရင်နီတပ်ပေါင်းစုတပ်ဖွဲ့ဝင်တွေက ပွိုင့် (၈ )မောင်းပြန် ၂-လက်နဲ့ ပစ်ချခဲ့တာဖြစ်ပြီး ဘော်လခဲမြို့နယ်အတွင်း ပျက်ကျခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဖားဆောင်းမှာတိုက်ပွဲပြင်းထန်နေပြီး လေကြောင်းပစ်ကူ နေ့စဉ် သုံးနေစဉ်မှာ အခုလို ပစ်ချခံရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ ၃၀ -ကလည်း စစ်ကော င်စီရဲ့ K-8W တိုက်လေယာဉ်တစီးကို ကရင်နီတော်လှန်ရေးတပ်တွေက ဘောလခဲမြိုနယ်မှာ ပစ်ချခဲ့ဖူးပါတယ်။

ဒ့ါအပြင်...

- ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေ၊ သံလွင်မြစ်ဘေးရှိ သူးမွဲထာ၊ ကောကော်ထာ အပါဝင် စခန်း ၅ ခုကနေ စစ်ကောင်စီတပ်တွေ စခန်းစွန့်ထွက်ပြေးသွား...

- ဝိုင်းမော်မြို့နယ်ရှိ ဂိဒေါန် စခန်းကို ၂၀၁၆ ခုနှစ်မှာ စစ်တပ်ဘက်က ကုန်းကြောင်း-လေကြောင်းက ပူးတွဲစစ်ဆင်ရေးအဖြစ် ၄- လကြာထိုးစစ်ဆင်သိမ်းပိုက်ခဲ့ရပေမယ့် KIA က ၃ ရက်အတွင်း သိမ်းနိုင်ဟုဆို...

- တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အတွက် စစ်ကောင်စီဖက်က သေဆုံးမှုများပြီး လက်နက် ၇ လက်သိမ်းမိ...

- တနသာ်ရီတိုင်း၊ သရက်ချောင်းမြိုနယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ  ကျောက်ဆည်ရွာ ပျူစောထီးစခန်းကို ဒေသခံ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်တချို့သိမ်းမိ...

- ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်ကို သိမ်းပိုက်စဉ် ဒု-တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တပ်မိသားစုဝင်တွေ ရာနဲ့ချီ လက်နက်ချတဲ့ ဗီဒီယိုမှတ်တမ်းတခုကို AA က ထုတ်ပြန်...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More