Monday, May 13, 2024

“မံစီနဲ့ မိုးမောက်မှာ တိုက်ပွဲပြင်းထန်... ဖားဆောင်းက စခန်းတခု ကရင်နီတပ်တ...


“မံစီနဲ့ မိုးမောက်မှာ တိုက်ပွဲပြင်းထန်... ဖားဆောင်းက စခန်းတခု ကရင်နီတပ်တွေ သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

ကချင်ပြည်နယ်၊ မံစီမြို့ ရဲစခန်းကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက မနေ့က သိမ်းပိုက်လိုက်ပြီဖြစ်ပေမယ့် စစ်ကောင်စီက လေကြောင်းပစ်ကူပေးနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသတွင်းမီးဒီယာ The 74 Media က ဖေါ်ပြပါတယ်။

မနေ့က မနက် ၄ နာရီမှာ ထိုးစစ်စတင်ပြီး ညနေ ၄ နာရီမှာ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒါဟာ ဒုတိယအကြိမ် သိမ်းပိုက်မှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရဲစခန်းကို သိမ်းနေစဉ် စစ်ကောင်စီလေတပ်က အလွန်အကျွံဗုံးကြဲတဲ့အတွက် ပြန်ခွာခဲ့ရပြီး အခုမှ အပြီးသတ် သိမ်နိုင်တာလို့ ရှေ့တန်းအရာရှိတွေပြောတာကို ကိုးကားဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ မိုးမောက်မြို့ပြင် မံပုံကျေးရွာရှိ ခ.လ.ရ (၄၃၇) တပ်ရင်းကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ခုခံနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ The 74 Media က ဆက်လက်ဖေါ်ပြပါတယ်။

တခါ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကနေလည်း မိုးမောက်ဖက်ကို လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ဆိုပါတယ်။ မိုးမောက်က ရဲစခန်းနဲ့ မြို့တွင်းနေရာအများစုကို KIA က ထိန်းချုပ်ထားပြီးဖြစ်ပေမယ့် မြု့ိ့ကနေ ဆုတ်ခွာသွားတဲ့ စစ်သားနဲ့ရဲတွေအားလုံး ခမရ ၄၃၇ မှာ ပြန်စုပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါ့အပြင်...

- ဖားဆောင်းမြို့ အခြေစိုက် ခလရ ၁၃၅ ရဲ့ အရေးကြီး ကာကင်းစခန်းကုန်းတစ်ခုကို ကရင်နီတော်လှန်ရေးတပ်တွေက သိမ်းပိုက်...

- ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်...

- အရာတော်မြို့ နယ်၊ စခတ (၁၀) အတွင်း သေနတ်ပစ်လေ့ကျင့်နေတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် ၁၂ ဦး အပြင်းအထန် ဒဏ်ရာရ...

- (၁၀၂၇)  စစ်ဆင်ရေးအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်း ၄၁ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More