Friday, May 31, 2024

“လက်ရှိ စစ်တပ်အခြေအနေက တပ်တွင်း သူပုန်ထဖို့အဆင့်ကို ရောက်ခါနီးနေပြီ”


“လက်ရှိ စစ်တပ်အခြေအနေက တပ်တွင်း သူပုန်ထဖို့အဆင့်ကို ရောက်ခါနီးနေပြီ”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဘက်ပြောင်းရေးအစီအမံကော်မီတီ - IEC )

(၃၁- ၅- ၂၀၂၄)

“စစ်တိုင်းမှူး အပြောင်းလဲတွေ ထပ်လုပ်တာ၊ တန်းပြည့်စစ်မှုထမ်းချိန် သတ်မှတ်တာတွေကိုကြည့်ရင် လက်ရှိ စစ်တပ်အခြေအနေဟာ တပ်တွင်း သူပုန်ထဖို့အဆင့်ကို ရောက်ခါနီးနေပြီ” ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံကော်မီတီ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

စစ်တိုင်းမှူးတွေအပါဝင် ထိပ်တန်းစစ်ဗိုလ် ၃၀ ကျော် ဖြုတ်-ထုတ်-ပြောင်း လုပ်လိုက်တာဟာ တိုက်ပွဲတိုင်းရှုံးနေတာနဲ့ ဆက်စပ်မှုရှိသလား၊ လက်ရှိစစ်တပ်အခြေအနေ ဘယ်လောက်အထိ ဆိုးနေပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- စစ်တိုင်းမှူးတွေအပါဝင် ထိပ်တန်းစစ်ဗိုလ် ၃၀ ခန့်ကို ဖြုတ်-ထုတ်-ပြောင်း လုပ်လိုက်တာ ဘာကြောင့်လဲ...

- တန်းပြည့်စစ်မှုထမ်းချိန် ကြေညာလိုက်လို့ စစ်တပ်ထဲက လူတွေကို ပိုစိတ်ပျက်စေသလား ...

- ဒကစ- တခု၊ စကခ- ၃ ခု၊ တပ်ရင်း ၆၀ နီးပါး လုံး၀ ပြုတ်ထွက်သွားတာ ဘာကြောင့်လဲ...

- အောင်ဇေယျစစ်ကြောင်း မိုးရာသီမှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ရှေ့တန်းစစ်မြေပြင်မှာ ဘက်ပြောင်းသူ၊ လက်နက်ချသူတွေကို တော်လှန်ရေးတပ်တွေက ဘယ်လိုကြိုဆိုနေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More