Wednesday, May 22, 2024

ခမရ ၃၂၁ ကို KIA က သိမ်းပြီးနောက် ဝိုင်းမော်မှာတိုက်ပွဲပြင်းထန်... TNLA က...


ခမရ ၃၂၁ ကို KIA က သိမ်းပြီးနောက် ဝိုင်းမော်မှာတိုက်ပွဲပြင်းထန်... TNLA က တပ်သားသစ် ၁၀၀၀ ခန့်ပါဝင်တဲ့ စစ်ရေးပြအခမ်းနားကျင်းပ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၃- ၅- ၂၀၂၄)

(၁) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ပြင်ရှိ မြို့စောင့်တပ် ခမရ ၃၂၁ ကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွက သိမ်းပိုက်လိုက်ပြီးတဲ့နောက် ဝိုင်းမော်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNG -Kachin News Group က ဖေါ်ပြပါတယ်။

မေလ ၁၈ ရက်မှာ KIA ဖက်က ထိုးစစ်စတင်ခဲ့ပြီး မြို့စောင့်တပ် ခမရ ၃၂၁၊ ပြည်သူ့စစ်စခန်းတွေအပါဝင် စစ်တပ်စခန်း ၁၀ ကျော်ကို သိမ်းပိုက်ထားပါတယ်။ အခုချိန်မှာ ဝိုင်းမော်မြို့ထဲအထိ တိုက်ပွဲတွဖြစ်နေတဲ့အတွက် စစ်ရေးသတင်းကို နားစွင့်ပြီး လိုအပ်တာတွေ ပြင်ဆင်ကြဖို့ KIA က ဒေသခံတွေကို သတိပေးထားတယ်လို့လည်းဆိုပါတယ်။

ဒေသခံအတော်များများကတော့ အရင် ၂ ရက်ခန့်ကတည်းကစတင်ပြီး ဧရာဝတီမြစ်တဖက်ကမ်းရှိ မြစ်ကြီးနားမြို့ဆီပြောင်းနေကြတယ်။ မြစ်ကြီးနားမှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ ခမရ ၃၂၁ ကျတာကို တုန့်ပြန်တဲ့အနေနဲ့ မြစ်ကြီးနားရှိ စစ်ကောင်စီတပ်ကနေ အတွဲလိုက်ဒရုန်းတွေနဲ့ ဝိုင်းမော်ဖက်ကို ပစ်ခတ်တဲ့အပြင် လိုင်ဇာဌာနချုပ်ကိုလည်း လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- အောင်ဇေယျ စစ်ကြောင်းမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေရှိနေတယ်လို့ ထွက်ပြေးလာတဲ့ အသက် ၁၇ နှစ်အရွယ် တပ်သားတဦးကပြော...

- ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို
တော်လှန်ရေးတပ်တွေက ဝင်ရောက် ပစ်ခတ်...

- ချောင်းဦးမြို့နယ်မှာ ကြေးနီသယ်ကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ် ၂
လက်ရရှိ...

- သံတွဲမြို့နယ်မှာ AA- အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံးကာ- လက်နက်မျိုးစုံ ၄၅ လက်သိမ်းမိ...

- အပစ်ရပ်ထားတဲ့ TNLA- က အင်အား ၁၀၀၀ ကျော်ပါဝင်တဲ့ အခြေခံစစ်သင်တန်းဆင်းပွဲတခု မြို့လယ်လမ်းမပေါ် ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More