Monday, May 20, 2024

“ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၀ ခု KIA သိမ်းပိုက်... တွန်းဇံက...


“ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၀ ခု KIA သိမ်းပိုက်... တွန်းဇံကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းဖို့ပြင်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုခန့်ကို KIA နဲ့ မဟာမိတ်တွေက တနေ့က သိမ်းပိုက်လိုက်တယ်လို့ KIA ပြောခွင့်ရက BNN ကိုပြောပါတယ်။ မနေ့ကတော့ ရွှေညောင်ပင်ရှိ ခမရ ၃၂၁ တပ်ရင်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေသတွင်းမီဒီယာဖြစ်တဲ့ KNG- Kachin News Group ကတော့ ခမရ ၃၂၁ တခုသာကျန်တော့တဲ့အတွက် တိုက်ပွဲဟာ ဝိုင်းမော်မြို့ထဲဖက်ကို ဦးတည်လာနေပြီ၊ မနေ့ကဆိုရင် ဝိုင်းမော်မြို့ပြင်က ခပ်ချိုကျေးရွာလမ်းခွဲအထိ တိုက်ပွဲဖြစ်နေတယ်လို့ ဖေါ်ပြပါတယ်။

စစ်ကောင်စီဖက်ကတော့ ဝိုင်းမော်မကျစေရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားကနေ လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာ ဆက်တိုက်လုပ်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- တွန်းဇံမြို့ကို လက်မလွတ်ချင်တဲ့ စစ်ကောင်စီက ရဟတ်ယာဉ် ၃ စင်းနဲ့ စစ်ကူထပ်ပို့၊ ချင်းတော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေ...

- ဘူးသီးတောင်မြို့နယ်မှာ AA - အာရက္ခတပ်တော်က  အရပ်သားတွေထိခိုက်အောင် တိုက်ခိုက်တယ်၊ နအိမ်မီးရှို့မှုတွေလုပ်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေဟာ သတင်းအမှားတွေသာဖြစ်ပြီး အဲဒီလိုစွပ်စွဲချက်တွေကို ကန့်ကွက်တယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က သတင်း ထုတ်ပြန်...

- တောင်ငူမြိုနယ်၊ ဝက်ခေါက်စိန်ရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အတွက် စစ်သားတွေထွက်ပြေးသွားပြီး ခဲယမ်းအချို့ိ သိမ်းမိ...

- စလင်းမြိုနယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဖက် ၁၀ ခန့်အထိ ထိခိုက်-သေဆုံးနိုင်တယ်လို့ဆို...

- ဂန့်ဂေါ မြို့နယ်၊ ခရိုင် ရဲစခန်းက ရဲတပ်သားတဦး လက်နက်ငယ် ကျည်တွေနဲ့အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာတယ်လို့ (FRF-Gangaw) က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More