Saturday, May 4, 2024

“ဘူးသီးတောင် စကခ ၁၅ ဌာနချုပ်ကို AA သိမ်းပိုက်... ကျားဖြန့်သမားတွေ ထွက်ခွ...


“ဘူးသီးတောင် စကခ ၁၅ ဌာနချုပ်ကို AA သိမ်းပိုက်... ကျားဖြန့်သမားတွေ ထွက်ခွာဖို့ BGF သတိပေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၅- ၅- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ရှိ စကခ- စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၁၅) ဌာနချုပ်နဲ့ လက်အောက်ခံ တပ်ရင်းဌာနချုပ် ၄ ခုကို အလုံးစုံ သိမ်းပိုက်လိုက်ပြီလို့ AA  အာရက္ခတပ်တော် က သတင်းထုတ်ပြန်ပါတယ်။

စကခ (၁၅) တပ်မဌာနချုပ်ကို မေလ (၂) ရက်၊ ခမရ (၅၅၁) ကို မေလ ၃ ရက်၊ ခမရ ၅၅၂၊ ၅၆၄ နဲ့ ၅၆၅ တို့ကိုတော့ မတ်လ ၂၅ ကနေ ဧပြီ ၂၄ အတွင်း သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စကခ (၁၅) တပ်မဌာနချုပ်ကို သိမ်းနိုင်ရေးအတွက်  ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး  ဧပြီလ နောက်ဆုံးအပတ်မှာ ထိုးစစ်ဆင်ကာ ၁၂ ရက်အတွင်း အပြီးသိမ်းနိုင်တာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးအတွက်း လက်နက်၊ ခဲယမ်းများစွာသိမ်းမိတဲ့အပြင် လက်နက်ချသူတွေ၊ သုံ့ပန်းတွေလည်း ဖမ်းဆီးထားတယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်ရှိ တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း၊ နခခ-၁ (ကျီးကန်းပြင်) စခန်း၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းတို့ကိုလည်း ပြီးခဲ့တဲ့ ရက်တွေအတွင်း သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့တွေမှာလည်း စစ်ကောင်စီနဲ့ AA ကြားမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကြာအင်းဆိပ်ကြီး မြို့နယ်၊ တောင်စွန်းစခန်းနဲ့ အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူတက်လာတဲ့  စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအားလုံး လာရာလမ်းအတိုင်း အမြန်ဆုံး ထွက်ခွာကြဖို့ BGF သတိပေး...

- တနင်္သါရီ မြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခလရ (၅၅၇) က တပ်ကြပ်ကြီးစာရေး ၂ ဦး လက်နက် ၂ လက်နဲ့အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More