Tuesday, May 28, 2024

လွိုင်ကော်မှာ တိုက်ပွဲပြန်ဖြစ်... တီးတိန်မှာ စစ်တပ်က အိမ်တွေကို မီးရှို့...


လွိုင်ကော်မှာ တိုက်ပွဲပြန်ဖြစ်... တီးတိန်မှာ စစ်တပ်က အိမ်တွေကို မီးရှို့... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၉- ၅- ၂၀၂၄)

ရှမ်းပြည်နယ်ဖက်ကနေ ကရင်နီပြည်နယ်- လွိုင်ကော်မြို့ဖက်ကို စစ်ကောင်စီတပ်တွေဝင်လာတဲ့အတွက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနဲ့ ထိတွေ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသတွင်းမီဒီယာ ကန္တာရဝတီတိုင်း(မ်)က ဖေါ်ပြပါတယ်။

လွိုင်ကော်မြို့နယ်၊ ရေကန်ရွာ၊ စက်မှုဇုန်၊ ပဒါးညေး၊ လွိုင်လင်လေး  စတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး လွိုင်လင်လေး အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေ ရှိနေဆဲဖြစ်တယ်လို့ KNDF -
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အရာရှိတဦးပြောတာကို ကိုးကားဖေါ်ပြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံ - မိုးဗြဲ - ပင်လောင်းဖက်နဲ့ ဆီဆိုင် - ထီးစဲခါး ဖက်ကနေ ကရင်နီပြည်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လွိုင်ကော်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေထဲက ခလရ ၂၆၁ က စစ်သားတွေ နည်းနည်းလှုပ်ရှားလာတာတွေ့ရတယ်။ စစ်ကူလာတဲ့အဖွဲ့ကို ထွက်ကြိုတဲ့သဘောဖြစ်နိုင်တယ်လို့ သတင်းတွေထွက်ပြီးနောက်မှာ အခုလို စစ်ကြောင်းတွေရောက်လာပြီး တိုက်ပွဲတွေပြင်းထန်လာတာဖြစ်ပါတယ်။

ဒါ့အပြင်...

- တီးတိန်မြို့မှာ မေ ၂၇ က ချင်းညီနောင်အဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီက မီးရှို့တဲ့အတွက် အိမ် ၃၀ ကျော် မီးထဲပါသွား...

- ရွာငံမြိုနယ်၊ တောင်ဦးကျေးရွာဖက်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သားတွေ ထိခိုက် သေဆုံးမှုရှိတယ်လို့ DSNDA - ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်က သတင်းထုတ်ပြန်...

- ဆွမ်ပရာဘွမ်မြို့နယ်က ခလရ( ၄၆ )ကို KIA နဲ့ မဟာမိတ်တွေက တိုက်ခိုက်စဉ် စစ်ကူအဖြစ်ရောက်လာတဲ့ ခလရ (၁၃၇)က တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုတွေကပြော...

- ရွှေဘိုမြို့ အမှတ် (၅) ရန်မျိုးအောင်ကွက်သစ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် စစ်သားတွေ ထိခိုက် သေဆုံးမှုရှိနိုင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More