Sunday, May 26, 2024

Y-12 လေယာဉ်တစီး ပစ်ချခံရဟု သတင်းထွက်... တီးတိန်မြို့နယ်ကို စစ်တပ်က ဗုံးက...


Y-12 လေယာဉ်တစီး ပစ်ချခံရဟု သတင်းထွက်... တီးတိန်မြို့နယ်ကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၇ -၅ -၂၀၂၄)

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာ ငှက်ပျောခြံတွေဖက်မှာ စစ်ကောင်စီရဲ့ Y-12 လေယာဉ်တစီး ပျက်ကျတယ်ဆိုပြီး သတင်းထွက်နေတယ်လို့ KNG - Kachin News Group က ဖေါ်ပြပါတယ်။

မေ ၂၅ ညနေပိုင်းမှာ အဲလိုပျက်ကျတာ သို့မဟုတ် ပစ်ချခံရတာလို့ ကြားရပေမယ့် အသေးစိပ် မသိရသေးဘူးလို့ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို BNN က ဆက်သွယ်မေးမြန်းတဲ့အခါ အဲဒီသတင်းကို အတည်ပြုချက်မပေးနိုင်သေးဘူးလို့သာ အကြောင်းပြန်ခဲ့ပါတယ်။

အရင်နေ့ မေးမြန်းစဉ်ကတော့ ဝိုင်းမော်၊ မံစီ၊ မိုးမောက် မြိုနယ် ၃ ခုစလုံးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံတွေအနေနဲ့ တိုက်ပွဲသတင်းကိုနားစွင့်ကာ လုံခြုံတဲ့နေရာမှာ နေကြဖို့ ပြောကြားထာပါတယ်။

ဒါ့အပြင်...

- ကော့ကရိတ်မြို့နယ်ရှိ  ဖိုးချီမူ တပ်စခန်းမှာ အလောင်း ၂၀ ခန့်တွေ့ရပြီး ဒုရင်းမှူးအပါဝင် စစ်သား ၄၈ ဦး တော်လှန်ရေးတပ်တွေထံ လက်နက်ချခဲ့တယ်လို့ Special Operation Group (SOG) က သတင်းထုတ်ပြန်...

- မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာရှိ ပျု စခန်းကို တော်လှန်ရေးတေပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် ပျုဖက်က သေဆုံးဒဏ်ရာရမှုရှိ...

- တီးတိန်မြို့နယ်ရှိ Mualbem ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် ဒေသခံ ၂ ဦးသေဆုံး၊ တဦးဒဏ်ရာရ၊ ဘုရားကျောင်းအပါဝင် အဆောက်ဦအချို့ မီးလောင်ပျက်စီးခဲ့...

- မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နဲ့  စစ်ကြောင်း(၂) သို့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More