Saturday, May 18, 2024

“ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA သိမ်းပိုက်... NUG ဒု-ကာ-ဝန် ...


“ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA သိမ်းပိုက်...  NUG ဒု-ကာ-ဝန် တောင်ပိုင်းဒေသသို့ ကွင်းဆင်းစစ်ဆေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၉ - ၅ -၂၀၂၄)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဘူးသီးတောင်ဗျူဟာ (စကခ ၁၅ ဌာနချုပ်) အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းတွေ၊ အမြောက်တပ်နဲ့ ထောက်ပို့တပ်ရင်းအားလုံးကို AA- အာရက္ခတပ်တော်က မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်မှာ တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မှာ နောက်ဆုံးကျန်နေတဲ့ အမတ (အမြောက်တပ်) (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်း ၄ ခုအပါဝင် လက်နက်ကြီးတပ်၊ ထောက်ပို့တပ်ရင်းနဲ့ GE စစ်မြေပြင် အင်ဂျင်နီယာတပ်တွေကိုပါ တခုမကျန် သိမ်းလိုက်တာလို့ ဆိုပါတယ်။

အခြားတပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခလရ (၂၆၃) နှင့် ခလရ (၂၃၃) တပ်ရင်း (၄) ရင်းကို မေလ ၁၄ ရက်၊ နခခ (၃) နဲ့ နခခ (၈)တို့ကို မေလ ၁၃ ရက်မှာ သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် ဘူးသီးတောင်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဆက်လက်ဖြစ်နေတယ်လို့ဆိုပါတယ်။ ဘူသီးတောင်ဟာ AA က သိမ်းပိုက်တဲ့ ၁၀ ခုမြောက်မြို့ဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- TNLA၊ တပ်မဟာ(၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်ရှိ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တဲ့အတွက် အရပ်သား ၇ ဦး ဒဏ်ရာရ...

- ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက သိမ်းပိုက်...

- မြိုင်မြို့ပေါ်ရှိ မီးသတ်ရုံးနီး တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တယ်လို့ Black Leopard Army က သတင်းထုတ်ပြန်...

- ရေဦးမြို့နယ်၊ အမှတ်(၇)ဆေးတပ်က စစ်ကောင်စီ တပ်သားတဦး လက်နက်ငယ်တလက်နဲ့အတူ အလင်းဝင်လာတဲ့အတွက် ငွေကျပ် သိန်း (၅၀) ချီးမြှင့်...

- ဘုတ်ပြင်မြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်ရဲစခန်းနဲ့ လေညာတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်...

- NUG - ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွတ် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၃) ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကြောင်းတွေကို သွားရောက်စစ်ဆေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More