Wednesday, May 1, 2024

“ကျင်ဒွေးမြို့ကို ‘ချင်းညီနောင်’ က သိမ်းပိုက်... ဆိပ်ဖြူက စစ်ကောင်စီယာဉ်...


“ကျင်ဒွေးမြို့ကို ‘ချင်းညီနောင်’ က သိမ်းပိုက်... ဆိပ်ဖြူက စစ်ကောင်စီယာဉ်တန်းကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂-၅-၂၀၂၄)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျင်ဒွေးမြို့ကို ဧပြီ ၂၉ မှာ ‘ချင်းညီနောင်’ အဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများတဲ့အပြင် လက်နက်များစွာသိမ်းမိတယ်လို့ -ချင်းညီနောင်-အဖွဲ့ဝင် မင်းတပ်မြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပြောခွင့်ရသူက BNN ကိုပြောပါတယ်။

CDF နဲ့ PDF ပူးပေါင်းတပ်တွေက ကျင်ဒွေးမြို့ကို ဒီဇင်ဘာမှာ စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၇ ရက်မှာတော့ -ချင်းညီနောင်- စစ်ဆင်ရေးအဖြစ် အမည်ပြောင်းခဲ့တယ်။ ဧပြီ ၂၉ ရောက်မှ အခုလိုသိမ်းနိုင်တာဖြစ်တယ်လို့ မင်းတပ် ပအဖ ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းညီနောင် တပ်တွေအပြင် အာရက္ခတပ်တော် (AA)၊ PDF၊ YDF၊ LPDF တို့ကလည်း
ဒီစစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒါဟာ ချင်းညီနောင်ရဲ့ ပထမ ဆုံး ဒိုမီနို ဖြစ်ပြီး ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်တဲ့အထိ စခန်းသိမ်းတိုက်ပွဲတွေ ဆက်လုပ်သွားမယ်လို့ ဆလိုင်းယောမာန်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်...

-  ကရင်ပြည်နယ် စစ်ကာင်စီ ဝန်ကြီးချုပ် စောမြင့်ဦးရဲ့ ယာဉ်တန်းကို ကော့ကရိတ်မြို့က ပြန်အထွက်မှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်...

- ဆိပ်ဖြူမြို့ကနေ ပေါက်ဖက်ကိုထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်...

- သင်တန်းသား ၅၀၀ အထိ တက်ရောက်တဲ့ KNDF- ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- ဗျုဟာ (၇) ရဲ့ အပတ်စဉ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲတခု ဒီးမော့ဆိုမြို့နယ်မှာ ကျင်းပ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More