Wednesday, May 29, 2024

မံစီနဲ့ မိုးမောက်က တပ်ရင်း ၃ ခုကို KIA ထိုးစစ်ဆင်... ဆားလင်းကြီး မြို့မရ...


မံစီနဲ့ မိုးမောက်က တပ်ရင်း ၃ ခုကို KIA ထိုးစစ်ဆင်... ဆားလင်းကြီး မြို့မရဲစခန်းက တပ်သားတဦး CDM လုပ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၃၀- ၅-၂၀၂၄)

ကချင်ပြည်နယ်၊ မံစီနဲ့ မိုးမောက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တပ်ရင်း ၃ ခုကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့မဟာမိတ်တွေက သိမ်းပိုက်ဖို့ကြိုးစားနေတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြပါတယ်။ 

အချို့မီဒီယာတွေကဆိုရင် မံစီနဲ့ မိုးမောက်ကတဆင့် ဗန်းမော်ကို KIA က ပိတ်ဆို့ထားလိုက်ပြီဖြစ်တယ်လို့ ဖေါ်ပြကြပါတယ်။ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ မံစီနဲ့မိုးမောက်မှာ စစ်ရေးတင်မာနေတယ်၊ KIA နဲ့မဟာမိတ်တွေက စစ်ရှိန်မြှင့်နေတယ်လို့ BNN ကို ပြောပါတယ်။

သိမ်းပိုက်ဖို့ကျန်နေတဲ့ တပ်ရင်းတွေကတော့ မိုးမောက်က ခမရ(၄၃၇)၊ မံစီက ခမရ(၃၁၉)နဲ့  ခမရ(၆၀၁)၊ ဝိုင်းမော်က ခ.လ.ရ (၅၈) တို့ဖြစ်ပါတယ်။ စစ်ကောင်စီဖက်ကတော့ တပ်ရင်း ဌာနချုပ်တွေ မကျစေရေးအတွက် လေကြောင်းပစ်ကူနဲ့ ခုခံနေတယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ ပျူ စခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် ပျု ဖက်က ထိခိုက်သေဆုံးမှုရှိနိုင်...

- ဆားလင်းကြီး မြို့မရဲစခန်းက တပ်သားတဦး လက်နက်အပြည့်အစုံနဲ့အတူ CDM
လုပ်ပြီး တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းလာ...

- တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃)၊ Special Operation Group-SOG တပ်ရင်းရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ...

- KIA - ကချင်လွတ်လပ်ရေးတပ်ရဲ့ စစ်ဦးချုပ်အသစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာကို ခန့်အပ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More