Thursday, May 30, 2024

“လက်နက်ဖိုး အကြွေးမဆပ်နိုင်လို့ ရုရှားနဲ့ တရုတ်လက်ထဲ ထိုးအပ်လိုက်တဲ့သဘော...


“လက်နက်ဖိုး အကြွေးမဆပ်နိုင်လို့ ရုရှားနဲ့ တရုတ်လက်ထဲ ထိုးအပ်လိုက်တဲ့သဘောပါပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၃၀- ၅- ၂၀၂၄)

“ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ရုရှားကို လုပ်ခွင့်ပေးမယ်၊ ဧရာဝတီမြစ်ဆုံစီမံကိန်း တရုတ်ကိုလုပ်ခွင့်ပေးမယ်ဆိုတာတွေဟာ ဗဟာဗျုဟာအရ ရေရှည်အတွက်စဉ်းစားတာမျိုးမဟုတ်ပဲ လတ်တလောလိုအပ်နေတဲ့ နိုင်ငံခြားငွေရရှိရေး၊ အဲဒီနိုင်ငံတွေဆီက ဝယ်ထားတဲ့ လက်နက်အကြွေးဆပ်ရေးကိုသာ စဉ်းစားတဲ့သဘောဖြစ်တယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

ရပ်နားထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားအားလုပ်ပိုင်ခွင့်ပေးလိုက်ပြီ၊ အများပြည်သူကန့်ကွက်လို့ရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းကိုလည်း တရုတ်လက်ထဲ ထိုးအပ်လိုက်ပြီဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ထားဝယ်ရေနက်ဆိပ်ကမ်း နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ...

- တနိုင်ငံလုံးက ကန့်ကွက်ဆန္ဒပြလို့ အရင်အစိုးရ ၂ ဆက်က ရပ်တန့်ထားတဲ့ မြစ်ဆုံစီမံကိန်းကို စစ်ကောင်စီက တကယ်ပဲ တရုတ်လက်ထဲ ပြန်အပ်တော့မှာလား...

- စစ်ကောင်စီဟာ လက်နက်ဖိုးအကြွေးမဆပ်နိုင်လို့ တိုင်းပြည်ကို ရောင်းစားလိုက်တာမျိုး ဖြစ်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီက ဒါတွေကို ဆက်မလုပ်နိုင်အောင် ဘယ်လိုတားဆီးကန့်ကွက်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More