Tuesday, May 7, 2024

“ဗန်းမော်နဲ့ မံစီကို KIA ဝင်ရောက်... ဖားဆောင်းမှာ တိုက်ပွဲပြင်းထန်...နော...


“ဗန်းမော်နဲ့ မံစီကို KIA ဝင်ရောက်... ဖားဆောင်းမှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၈- ၅- ၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မံစီမှာ တိုက်ပွဲဖြစ်နေပြီး ဧရာဝတီမြစ်ကူးတံတားဂိတ် အပါဝင် အရေးကြီးနေရာအတော်များများကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းထားနိုင်ပြီဖြစ်တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။

စစ်ကောင်စီဖက်က လေကြောင်းပစ်ကူသုံးတဲ့အပြင် မြေပြင်  စစ်ကူပါ ထပ်ပို့နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်း စစ်ကောင်စီစခန်း ၁၀ ခုခန့်ကိုသိမ်းပြီးတဲ့နောက် အခု ဗန်းမော်နဲ့ မံစီကို KIA က ဆက်တိုက် ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ မတ်လ ၇ ရက် (၀၃၀၇) စစ်ဆင်ရေးနောက်ပိုင်း KIA က သိမ်းတဲ့ စခန်းပေါင်း ၈၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

ဒေသတွင်းမီဒီယာဖြစ်တဲ့ The 74 Media ကတော့ KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်၊ မိုးမောက်၊ မံစီအပြင် ချီဖွေမြို့နယ်၊ ဖရဲကျေးရွာသွားလမ်းရှိ စစ်ကောင်စီစခန်းတခုကိုလည်း မနေ့ မွန်းလွဲပိုင်းက သိမ်းပိုက်လိုက်တယ်လို့ ဖေါ်ပြထားပါတယ်။ 

ဒါ့အပြင်...

- ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ဒေါနတောင်ခြေမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲပြင်းထန်နေ...

- မေလ ၆ ရက်နေ့မှာ ပစ်ချခဲ့တဲ့ Mi-2 Light attack helicopter ရဟတ်ယာဉ်ပေါ်ပါ လေယာဉ်မှုးအပါဝင် ၇ ဦးသေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့သိရကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA)က သတင်းထုတ်ပြန်...

- တနသာင်္ရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာမှာ (၃) ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူအပြင် ရေတပ်ကပါ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေ...

- စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအခြေစိုက် အမှတ် (၆၀၀၅)တင့်ကားတပ်ရင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More