Friday, May 10, 2024

“မတ္တရာမြို့နယ်က စစ်တပ်စခန်း MDY-PDF သိမ်းပိုက်... တောင်ငူလေတပ်စခန်းကို ...


“မတ္တရာမြို့နယ်က စစ်တပ်စခန်း MDY-PDF သိမ်းပိုက်... တောင်ငူလေတပ်စခန်းကို MKCDF က ရှော့တိုက်ဒုံးနဲ့ပစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၁- ၅- ၂၀၂၄)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က ဝင်ရောက်တိုခိုက်ပြီး ၁၂ ဦးသေ၊ လက်နက်မျိုးစုံ ၁၀ ကျော်သိမ်းမိတယ်လို့ ရွှေဖီမြေက ဖေါ်ပြပါတယ်။

မေလ ၁၀ ရက် မနက် ၅ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး ၅ နာရီ ၄၅ မိနစ်မှာ စခန်းတခုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးပြီး၊ လက်နက်မျိုုးစုံ ၁၀ ကျော်သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်နဲ့ တပြိုင်တည်းမှာ မတ္တရာက စခန်းကို မန္တလေး PDF က ဝင်ရောက် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- စလင်းမြို့နယ်၊ ခင်ပလူရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အင်အား(၁၅၀)ဝန်းကျင်ရှိ စစ်တပ်၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သား ၂၀ ခန့် သေဆုံး...

- တောင်ငူမြု့ိရှိ စစ်ကောင်စီလေတပ်ခစန်းကို တော်လှန်ရေးတပ်တွေက ရှော့တိုက် ဒုံးတွေနဲ့ တိုက်ခိုက်တဲ့အတွက် တိုက်လေယာဉ် ၂- စီး ပျက်စီးပြီး စစ်သားတွေ သေဆုံးမှုရှိတယ်လို့ Mountain Knights Civilian Defense Force (MKCDF) က သတင်းထုတ်ပြန်...

- ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းကနေ ပြန်လည် ဆုတ်ခွာလာတဲ့ ခမရ (၄၀၃) စစ်ကြောင်းကို တောင်ညို တောင်တန်းပေါ်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၅ ဦး အပြင်းထန်ဒဏ်ရာရပြီး လက်နက်ငယ် ၂ လက် သိမ်းမိ...

- ထားဝယ်ခရိုင်၊ သရက်ချောင်းဖက်မှာတော့ မေလ ၈ ရက်နေ့မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တဲ့ ပဲဒက်စခန်း ပြန်သိမ်းနိုင်ရေးအတွက် စစ်ကောင်စီတပ်က ထိုးစစ်ပြန်ဆင်နေပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More