Wednesday, May 22, 2024

“ထိုင်းနဲ့အာဆီယံပြောနေတဲ့ ဆွေးနွေးအဖြေရှာရေးဆိုတာက စစ်ကောင်စီ လိုချင်တဲ့...


“ထိုင်းနဲ့အာဆီယံပြောနေတဲ့ ဆွေးနွေးအဖြေရှာရေးဆိုတာက စစ်ကောင်စီ လိုချင်တဲ့ လမ်းကြောင်းနဲ့အတော်တူနေတယ်” - ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS) “ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့၊ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ပြောနေတဲ့ မြန်မာ့အရေးဆွေးနွေးအဖြေရှာရေးဆိုတာက အရင် ၂၀၀၈ ဥပဒေအောက်ကို ပြန်သွားပြီး စစ်ကောင်စီနဲ့ ဆွေးနွေးရေးလမ်းကြောင်းဖြစ်တဲ့အတွက် ဒီနေ့ လူထုကတောင်းဆိုနေတဲ့ လမ်းကြောင်းနဲ့လွဲချော်နေတယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ မြဝတီမြို့ကို တော်လှန်ရေးတပ်တွက ယာယီထိန်းချုပ်မှုလုပ်ပြီးနောက်ပိုင်းဖြစ်ပေါ်လာနေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာ့အရေး ချည်းကပ်မှုနည်းနာတွေအပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - မြန်မာ့အရေးဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်းတွေရဲ့ ပြောဆိုမှုတွေက အပြောသက်သက်လား- လက်တွေ့ လုပ်ငန်းစဉ်ရှိသလား... - KNU, KNPP ဥက္ကဌတွေကို ဂျပန်အစိုးရက ဖိတ်ခေါ်ဆွေးနွေးခြင်းက ဘယ်လောက်အရေးကြိးသလဲ... - တရုတ် - အိန္ဒိယ- ရုရှား အင်အားကြီး ၃ နိုင်ငံက မြန်မာ့အရေးမှာ ဘယ်လိုပါဝင်နေသလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (စစ်တပ်အားနည်းသွားရင် မြန်မာပြည်မငြိမ်မသက်ဖြစ်နိုင်တယ်ဆိုတဲ့ နိုင်ငံတကာနားလည်မှုက ဂျင်း- ထည့်ခံထားရတာလား...ဆွေးနွေးမှုပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်) (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More