Thursday, May 23, 2024

“စစ်တပ်အားနည်းသွားရင် တိုင်းပြည်မငြိမ်မသက်ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆက စစ်တ...


“စစ်တပ်အားနည်းသွားရင် တိုင်းပြည်မငြိမ်မသက်ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆက စစ်တပ်ကို မသိမသာအားပေးတဲ့ အယူအဆအမှားကြီးပဲ”

- ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS)

(၂၃ - ၅ - ၂၀၂၄)

“မြန်မာစစ်တပ်အားနည်းသွားရင် တိုင်းပြည်မငြိမ်မသက်ဖြစ်နိုင်တယ်။ ERO တွေက သူ့ဒေသ သူသိမ်းပိုက်ပြီး တိုင်းပြည်တကွဲတပြားဖြစ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ၊ ယူဆချက်တွေဟာ ဖက်ဆစ်စစ်တပ်ကို မသိမသာအားပေးနေတဲ့ အယူအဆအမှားကြီးဖြစ်တယ်။ အဲဒီအယူအဆနဲ့ တိုင်းသစ် ပြည်သစ် ထူထောင်လို့မရဘူး။ စစ်အာဏာရှင်ကို အရင်ဖြုတ်ချပြီးမှ ကျန်တာတွေ ဆက်လုပ်လို့ရမယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS
ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင်အကူအညီမပေးသေးတာဟာ စစ်တပ်ပြိုကျပြီးတဲ့နောက်ပိုင်း ဒီအင်အားစုတွေက တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းနိုင်ပါ့မလား၊ စစ်တပ်ပြိုသွားရင် တိုင်းပြည်မငြိမ်မသက်ဖြစ်မှာကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိနေလို့ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- အမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုက တရုတ်-ထိုင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လှုပ်ရှားမှုနဲ့စာရင် သိပ်နှေးကွေးလွန်းနေသလား...

- “ငါတို့မှာ ငါတို့ပဲရှိတယ်”ရှိတယ်ဆိုတဲ့ အယူအဆက နိုင်ငံတကာဆက်ဆံရေးမှာ အလုပ်ဖြစ်ရဲ့လား...

- စစ်တပ်အားနည်းသွားရင် တိုင်းပြည်မငြိမ်မသက်ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆ အမှားကြီးကို နိုင်ငံတကာအသိုင်းအဝိုင်းက ဘာကြောင့် လက်ခံစဉ်းစားနေတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More