Tuesday, May 21, 2024

“တွန်းဇံမြို့ကို CNA သိမ်းပိုက်... ဝိုင်းမော်က ခမရ -၃၂၁ ကို KIA သိမ်းပို...


“တွန်းဇံမြို့ကို CNA သိမ်းပိုက်... ဝိုင်းမော်က ခမရ -၃၂၁ ကို KIA သိမ်းပိုက်... ဒု-ရင်းမှူးအပါအဝင် စစ်သား ၄၈ ဦး KNLA ထံလက်နက်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၂- ၅- ၂၀၂၄)

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်တွေက မနေ့က
အလုံးစုံသိမ်းလိုက်နိုင်ပြီဖြစ်တယ်လို့ The Chin Journal က ဖေါ်ပြပါတယ်။
မေလ ၂၁ ရက် မနက်ပိုင်းမှာ စစ်သားတွေပုန်းအောင်းနေတဲ့ နေရာတွေကို
ချင်းတော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းပြီး စစ်သားအလောင်း ၁၀
ခန့်တွေ့တယ်၊ လက်နက်ငယ် ၅၀ ရတယ်လို့ CNF ချင်းအမျိုးသားတပ်ဦး
ပြောခွင့်ရပုဂ္ဂိုလ်ပြောတာကို ကိုးကားဖေါ်ပြထားပါတယ်။

BNN ကနေ CNF ပြောခွင့်ရပုဂ္ဂိုလ်ကို အကြိမ်ကြိမ်ဆက်သွယ်နေပေမယ့်
အခုချိန်အထိ ဆက်လို့မရဖြစ်နေပါတယ်။ မနေကပြောထားချက်အရတော့ တွန်းဇံကို
ထိန်းထားတဲ့ စစ်ကောင်စီတပ် ခမရ ၂၆၉ စခန်းနဲ့ ရဲစခန်းအပါဝင် အားလုံးကို
သိမ်းထားပြီးပြီ။ မြို့ထဲမှာ ပုန်းအောင်းနေတဲ့ စစ်သားတွေကို
လိုက်ရှင်းနေတယ်လို့ သိထားရပါတယ်။

မေလ ၁၉  ရက်မှာ ကျီခါးကို သိမ်းပြီးတဲ့နောက် အခု ၂၁ ရက်မှာ တွန်းဇံကိုပါ
ချင်းတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းတွေအတွင်းကတော့ တောင်ပိုင်းဒေသရှိ ကျင်းဒွေးကို
သိမ်းခဲ့ပါတယ်။ အခုဆိုရင် ချင်းတော်လှန်ရေးတပ်တွေက သိမ်းတဲ့မြို့ ၁၀
မြို့ရှိနေပြီလို့သိရပါတယ်။

ဒါ့အပြင်...

- ဝိုင်းမော်မြို့ပြင်ရှိ ခ.မ.ရ (၃၂၁) စခန်းကို  KIA နဲ့ မဟာမိတ်တွေက သိမ်းပိုက်...

- ကော့ကရိတ်မြို့နယ်ရှိ ဖိုးချီမူ (ကင်ပွန်းချဉ်) စခန်းက
ဒု-တပ်ရင်းမှူးအပါအဝင် ၄၈ ဦး KNLA ၊ PDF ပူးပေါင်းတပ်ထံ လက်နက်ချ...

- ရေစကြိုမြိုနယ်က ကျေးရွာတွေဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို
ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က
အကျအဆုံးများပြီး လက်နက်ငယ် ၉  လက်သိမ်းမိ...

- ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ စစ်ရှုံးနေတဲ့
စစ်ကောင်စီဟာ တောင်ပိုင်းဒေသရှိ မာန်အောင်ကျွန်းကို နောက်ဆုံးခံတပ်အဖြစ်
ပြင်ဆင်တည်ဆောက်နေဟုဆို...

- စစ်တောင်းမြစ်ဝှမ်းနဲ့ ပဲခူးရိုးမဒေသမှာ နယ်မြေစိုးမိုးရေး၊
စစ်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းထံ
ဒါရိုက်တာကိုပေါက်နဲ့အဖွဲ့ရောက်လာပြီး ကျည်ကာတွေ၊ ကျည်ကာဦးထုပ်တွေ
ပေးအပ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More