Thursday, May 16, 2024

“တနိုင်းမြို့နယ်က စစ်တပ်စခန်း KIA သိမ်းပိုက်... အောင်ဇေယျစစ်ကြောင်း ဆက်လ...


“တနိုင်းမြို့နယ်က စစ်တပ်စခန်း KIA သိမ်းပိုက်... အောင်ဇေယျစစ်ကြောင်း ဆက်လက်တိုက်ခိုက်ခံနေရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၇- ၅- ၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နမ်ခမ်-နမ်ဗျို ကို မနေ့က အပြီး သိမ်းလိုက်ပြီဖြစ်တယ်လို့ KIA ပြောခွင့်ရက BNN ကိုပြောပါတယ်။ မေ ၁၃ မှာ စတင်ထိုးစစ်ဆင်ပြီး မေ ၁၆ ရက်၊ မနက် ၇ နာရီလောက်မှာ သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီဖက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတဲ့ကြားက အခုလို သိမ်းလိုက်နင်တာဖြစ်ပါတယ်။

ဒေသတွင်းမီဒီယာ The 74 Media ရဲ့ဖေါ်ပြချက်အရ အဲဒီစခန်းမှာ ခ.လ.ရ (၂၉၇) နဲ့ (၂၆၀) က ထုတ်နုတ်အင်အား ၆၀ ခန့် စခန်းထိုင်နေတယ်လို့ သိရပါတယ်။ KIA နဲ့ မဟာမိတ်တွေက စခန်းရှင်းလင်းရေးလုပ်နေပြီး လက်နက်တွေသိမ်းမိတယ်လို့ ဖေါ်ပြပါတယ်။
 
တနိုင်းမြို့နဲ့ မိုင် ၂၀ ခန့်အကွာမှာရှိတဲ့ နမ်ခမ်-နမ်ဗျိူ စခန်းကို  ၂၀၁၇ မှာ စစ်ကောင်စီက သိမ်းပြီး အခု KIA က ပြန်သိမ်းနိုင်တာလည်းဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မိုးမောက်-မံစီနဲ့ ဗန်းဗော်ဖက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ ဒေသတွင်းမီဒီယတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကော့ကရိတ်ဖက်ကနေ မြဝတီသို့စစ်ကူသွားရန် ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက် စစ်သား ၆ ဦးသေဆုံးပြီး Faw ကား ၂ စီး ပျက်စီးတယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်...

- မေ ၁ ရက်ကနေ ၁၅ ရက်အတွင်း KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာဒေသမှာ တိုက်ပွဲပေါင်း (၄၆) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က (၁၇) ဦးသေ၊ (၇)ဦး ထိခိုက်ဒဏ်ရာရတယ်လို့ မူတြော် သတင်းစဉ်က ဖေါ်ပြ...

- ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ပွဲ အကြိမ် ၇၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က (၄၃၀) ဦးသေဆုံး၊ (၂၄၁) ဦးဒဏ်ရာရ၊ လက်နက်ချအညံ့ခံသူ (၅၇) ဦးကို သုံ့ပန်းအဖြင့် အရှင်ဖမ်းမိတယ်လို့ PDF တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်...

- သရက်ချောင်းမြိုနယ်က ကနက်သီရိရွာကို စစ်ကောင်စီရေတပ်နဲ့ လေတပ်က ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ...

- KIA- ကချင်လွတ်လပ်ရေးတပ်မတော် စစ်ဦးစီးချုပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ PDF အမှတ်(၁) စစ်ဒေသမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းရဲ့ ဈာပနာ့အခမ်းအနား လိုင်ဇာဌာနချုပ်မှာပြုလုပ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More