Monday, May 27, 2024

ဝိုင်းမော်မှာ အရပ်သားယာဉ်တန်း လက်နက်ကြီးထိ... ဒေါနတောင်မှာ တိုက်ပွဲပြင်း...


ဝိုင်းမော်မှာ အရပ်သားယာဉ်တန်း လက်နက်ကြီးထိ... ဒေါနတောင်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၈- ၅- ၂၀၂၄)

ကချင်ပြည်နယ်၊ မံစီမြို့ရှိ  ခမရ ၃၁၉ နဲ့ ခမရ ၆၀၁ စခန်းတွေကို KIA -ကချင်လွတ်လပ်ရေးတပ်နဲ့မဟာမိတ်တွေက ထိုးစစ်ဆင်တဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNG - Kachin News Group -က ဖေါ်ပြပါတယ်။

ပြီးခဲ့ဲ့တဲ့သီတင်းပတ်အတွင်း ဝိုင်းမော်ဖက်က စခန်းသိမ်းတိုက်ပွဲတွေကို ဦးစားပေးခဲ့တာကြောင့် မိုးမောက်နဲ့ မံစီမှာ နည်းနည်းငြိမ်နေရာကနေ မေ ၂၆ မှာ စစ်ရှိန်ပြန်တက်လာတာလို့ဆိုပါတယ်။

ခမရ ၃၁၉ စခန်းထဲဝင်ရောက်နိုင်ဖို့အတွက် ရှေ့တန်းကာကင်းစခန်းအချို့ကို သိမ်းထားပြီးဖြစ်ပြီး  တပ်ရင်းဌာနချုပ်သိမ်းနိုင်ရေး ဆက်လုပ်နေတယ်လို့ KIA ရှေ့တန်းအရာရှိတဦးပြောတာကို  ကိုးကားဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဝိုင်းမော်အဝင် ခတ်ချိုကျေးရွာအနီးမှာ အရပ်သားယာဉ်တန်းတခု စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး တဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ...

- ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်တပ်နဲ့ ပျု စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်သားနဲ့ ပျု တွေ ထိခိုက်မှုရှိနိုင်...

- တိန်မြု့ိမှာ မေ ၂၆ ညက စတင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အပြင် မြေပြင်တပ်ကပါ အိမ်တွေကို မီးရှိ့နေတဲ့အတွက် အိမ်အတော်များများ မီးလောင်နေ...

- ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူတက်ရန်ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား မေ ၂၆ ညပိုင်းက ဒေါနတောင်ပေါ်မှာ တိုက်ပွဲပြင်းထန်...

- ‘Project Mindat 2024’ ကမ်ပိန်းကတဆင့် လက်နက် ၂၅ လက်နဲ့  ခဲယမ်းတွလက်ခံရှိတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က သတင်း ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More