Thursday, May 16, 2024

“ပြည်ထောင်စုလမ်းမကြီးပေါ်က ဗျုဟာမြောက်စခန်းတွေကို သိမ်းနိုင်တဲ့အဆင့်ထိ ရ...


“ပြည်ထောင်စုလမ်းမကြီးပေါ်က ဗျုဟာမြောက်စခန်းတွေကို သိမ်းနိုင်တဲ့အဆင့်ထိ ရောက်လာပြီ”

- ရဲဘော်ဂျူပီတာ (ဒုစစ်ဒေသခွဲမှူး - အမှတ် ၃ စစ်ဒေသခွဲ)

(၁၆- ၅- ၂၀၂၄)

“လွန်ခဲ့တဲ့ ၃ နှစ်ကလို တောထဲမှာ စစ်သင်တန်းတက်၊ နယ်စပ်က ကင်းစခန်းကို ပြောက်ကြားပစ်တဲ့အဆင့်မဟုတ်တော့ဘူး။ ပြည်ထောင်စုလမ်းမကြီးပေါ်က ဗျုဟာမြောက်စခန်းတွေကို သိမ်းနိုင်တဲ့အဆင့်အထိရောက်လာပြီ၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တော်လှန်ရေးတပ်တွေ သွားလာနိုင်နေပြီဖြစ်တယ်” လို့ PDF တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲရဲ့ ဒုတိယ စစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပဲဒက်စခန်းကို PDF နဲ့ ERO ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ပဲဒက်စခန်းက ဗျုဟာအရ ဘယ်လိုအရေးပါသလဲ...

- နယ်စပ်ဒေသက စခန်းတွေ၊ ပြည်ထောင်စုလမ်းမကြီးပေါ်က စခန်းတွေကို ဘယ်လို ဟန်ချက်ညီ သိမ်းပိုက်နေသလဲ...

- တနသာင်္ရီတိုင်းအတွင်း PDF နဲ့ ERO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိ အားကောင်းနေပြီလဲ...

- တနသာင်္ရီတိုင်းက ပြည်သူတွေအတွက် PDF တောင်ပိုင်းစစ်ဒေသရဲ့ သတင်းစကားက ဘာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More