Sunday, May 26, 2024

“ပြည်နယ်တခုချင်း လွတ်မြောက်ရေးတိုက်ပွဲနဲ့ နေပြည်တော်သိမ်းပိုက်ရေး တိုက်ပ...


“ပြည်နယ်တခုချင်း လွတ်မြောက်ရေးတိုက်ပွဲနဲ့ နေပြည်တော်သိမ်းပိုက်ရေး တိုက်ပွဲကို တဆက်တစပ်တည်း ဆောင်ရွက်ဖို့လိုတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၆-၅-၂၀၂၄)

“ERO တွေအနေနဲ့ ကိုယ့်ဒေသလွတ်မြောက်ရေးတိုက်ပွဲဝင်နေစဉ်မှာပဲ နေပြည်တော်သိမ်းပိုက်ရေးကိုလည်း စဉ်းစားထားဖို့လိုတယ်။ စစ်ကြောင်းအားလုံး နေပြည်တော်သို့ဆိုတဲ့အယူအဆအောက်မှာ ERO တွေပါလာအောင် NUG က ဆောင်ရွက်ဖို့လိုအပ်နေတယ်” လို့ စစ်ရေး- နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြစ်ကြီးနားမြို့နားအထိရောက်လာနေတဲ့ ကချင်စစ်ပွဲအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- KIA က မြစ်ကြီးနားကို သိမ်းပိုက်ဖို့ အတော်နီးကပ်နေပြီလား...

- ပြည်နယ်တခုချင်းလွတ်မြောက်ရေးနဲ့ တပြည်လုံးလွတ်မြောက်ရေးတိုက်ပွဲကို ဘယ်လို ဟန်ချက်ညီပေါင်းစပ် ဆောင်ရွက်သင့်သလဲ...

- ဒေါနတောင်ကို စစ်ကောင်စီက ၂ ဖက်ညှပ်ထိုးမယ့်အစီစဉ်နဲ့ BGF အနာဂတ် ဘာတွေဖြစ်လာနိုင်သလဲ...

- စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတွေက စစ်ပွဲကို အဆုံးအဖြတ်ပေးမယ့်နေရာတွေလို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More