Friday, May 3, 2024

“ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ တောင်စွန်းတပ်စခန်းကို KNLA သိမ်းပိုက်... လက်...


“ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ တောင်စွန်းတပ်စခန်းကို KNLA သိမ်းပိုက်... လက်နက်ကိုင် တိုက်မှ ရတော့မယ်လို့ SSPP ဒုဥက္ကဌ ပြောကြား...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၄- ၅- ၂၀၂၄)

ကရင်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ ခလရ (၂၈၄) အခြေစိုက် တောင်စွန်းတပ်စခန်းကို မေလ ၃ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က သတင်းထုတ်ပြန်ပါတယ်။

ဒီစခန်းကို သိမ်းနိုင်ရေးအတွက် ဧပြီ (၇) ရက်မှာ ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ဧပြီလ (၁၇) မှာ မြေပြင်ထိုးစစ် စလုပ်တယ်။ မေလ ၃ ရက် မနက်အစောပိုင်းမှာ စခန်းတခုလုံးကိုသိမ်းပြီး ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီး-လက်နက်ငယ် ၄၀ ကျော်သိမ်းမိပြီး စစ်ကောင်စီဖက်က ၂၆ ဦးသေ၊ တပ်ရင်းမှူးအပါဝင် ၁၃ ဦး ထွက်ပြေးသွားတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ MI35 ၊ Y12 တွေနဲ့ လေကြောင်းတိုက်ခိုက်မှု (၃၆) ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် လူနေအိမ် ၅၀ ခန့်ပျက်စီးခဲ့ရသလို တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်ကျဆုံးမှူရှိတယ်လို့ ဖေါ်ပြပါတယ်။

ဒီစစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်တွေကတော့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၊ lion battalion commando စစ်ကြောင်း၊ Federal Wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

-  ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ နောက်ဆုံးကျန်နေတဲ့ အမှတ် (၁) နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်ကို AA အာရက္ခတပ်တော်က မေလ ၂ ရက် မနက်ပိုင်းမှာ သိမ်းပိုက်ပြီဖြစ်တယ်လို့ သတင်းထွက်ပေါ်...

- တပ်မ ၈၈ လက်အောက်ခံ စစ်သားနဲ့ ပျု အဖွဲ့ဝင်တွေပါတဲ့ စစ်ကြောင်းကို အထက် မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်အစပ် ကျောက်စည်ရွာအနီးမှာ တော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်...

- နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာတဲ့နည်းကို စစ်ကောင်စီက လက်မခံတဲ့အတွက် လက်နက်ကိုင်တော်လှန်တဲ့နည်းကို ကျင့်သုံးရတော့မှာဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA  ဒုတိယ ဥက္ကဋ္ဌ  ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြား...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More