Saturday, May 11, 2024

“မြို့သစ်မြို့ ခလရ ၂၂၈ ကို PDF သိမ်းပိုက်... ဘုတ်ပြင်းက ၁၀၂၀ ဗျုဟာကုန်းက...


“မြို့သစ်မြို့ ခလရ ၂၂၈ ကို PDF သိမ်းပိုက်... ဘုတ်ပြင်းက ၁၀၂၀ ဗျုဟာကုန်းကို KNLA သိမ်းပိုက် ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၂- ၅- ၂၀၂၄)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့ရှိ ခလရ (၂၂၈) နဲ့ ပြည်သူ့စစ်၊ ပျု ပူးတွဲစခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ပြီး ရဲ (၂၀) ကျော်လက်နက်၊ လက်နက်မျိုးစုံ (၂၉)  လက်သိမ်းမိတယ်လို့ PDF အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

မြို့သစ်မြို့ရှိ ခလရ (၂၂၈)၊ SNA  ရှမ်းနီပြည်သူ့စစ် (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၂၅၀) ခန့်ရှိတဲ့နေရာကို မေလ (၇) ရက် မနက် (၅) နာရီမှာ စတင်တိုက်ခိုက်ပြီး မေလ (၁၁) ရက် မနက် (၁၀) နာရီမှာ စခန်းအားလုံးကို သိမ်းနိုင်တာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ရဲ စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင် အပါဝင် ရဲ (၂၁)ဦး အလံဖြူထောင်လက်နက်ချ၊ လက်နက်မျိုးစုံ (၂၉) လက်သိမ်းမိ၊ စစ်သားအသေအပျောက် စီစစ်နေဆြဲဖစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေကတော့ အမှတ် (၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုနဲ့ တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီးအမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေး တပ်တော် (NLA) တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကန့်ဘလူမြို့နယ်၊ မလည်ရွာမှာ အခြေချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး စစ်သား (၆) ဦးသေ၊ လက်နက်မျိုးစုံ (၁၄) လက် သိမ်းမိ...

- ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူတက်ရန်ကြိုးစားနေတဲ့ အောင်ဇေယျ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကား ၂ စီးပျက်စီး၊ အများအပြားဒဏ်ရာရတယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်...

- မြိတ် - ကော့သောင်း-  ကားလမ်းပေါ်ရှိ တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်အစပ်က  ၁၀၂၀ ဗျုဟာ တောင်ကုန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်...

- PDF  အမှတ် (၁၀၀၉) တပ်ရင်း (သို့မဟုတ်) အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)ရဲ့ အခြေခံစစ်သင်တန်း ဆင်းပွဲကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More