Wednesday, April 17, 2024

“တနိုင်းမြို့နယ်ရှိ စစ်ကောင်စီစခန်း KIA သိမ်းပိုက်... ဆိတ်ဖြူမြို့နယ်ရှိ...


“တနိုင်းမြို့နယ်ရှိ စစ်ကောင်စီစခန်း KIA သိမ်းပိုက်... ဆိတ်ဖြူမြို့နယ်ရှိ ကပစ ၂၁ ကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၈- ၄- ၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ နွယ်ဂျယ်ဘွမ့်အခြေစိုက် ခလရ ၂၉၇၊ ရှေ့တန်းစခန်းကို မနေ့က မနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။

ဒီဒေသမှာ ရွှေမှော်၊ ပယင်းမှော်တွေများပြီး အရင်က KIA တပ်ရင်း ၁၄ ထိန်းချုပ်တဲ့နယ်မြေဖြစ်တယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က စစ်ကောင်စီက သိမ်းသွားတာကို အခု KIA က ပြန်သိမ်းတာဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေသတွင်း မီဒီယာ KNG -  Kachin News Group ကတော့ ဒီစခန်းမှာ စစ်ကောင်စီအင်အား ၃၀ ကျော်ရှိတယ်လိုဆိုပါတယ်။ စခန်းကျပြီးချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးလာကြဲပေမယ့် အသေစိပ်တော့ မသိရသေးဘူးလို့ ဖေါ်ပြပါတယ်။

ဒါ့အပြင် People’s Spring သတင်းဌာနကလည်း ဧပြီ ၁၄ ရက်မှာ မြစ်ကြီးနား-နမ္မတီး ကြားရှိ အကဲရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ခလရ (၁၃) က ဒုဗိုလ်မှူးကြီး နိုင်နိုင်ဝင်း အပါအဝင် စစ်ကောင်စီ ၆ ဦးသေဆုံးတယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။

ဒါ့အပြင်...

- ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ PNLA တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ၁၀ ဦးသေ၊ လက်နက် ၃ လက်သိမ်းမိ...

- မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်တွင်းရှိ ကပစ (၂၁) ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က သတင်းထုတ်ပြန်...

- မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကိုးမိုင်ရွာအနီးရှိ ခလရ - ၂၉၉ တပ်ရင်းနဲ့ မွန်-တနသာင်္ရီအစပ်ရှိ မလွှဲတောင်ဂိတ်စခန်းတို့ကို တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်...

- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားကို အမှတ်(၁၀၇)စစ်ဒေသမှာ ကျင်းပခဲ့ပြီး KNLA - ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ တက်ရောက်...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More