Saturday, April 27, 2024

“သရက်ကုန်းရွာတိုက်ပွဲမှာ လက်နက် ၆၀ ကျော်သိမ်းမိ... ကာကွယ်ရေးဝန်ကြီး မန္တ...


“သရက်ကုန်းရွာတိုက်ပွဲမှာ လက်နက် ၆၀ ကျော်သိမ်းမိ... ကာကွယ်ရေးဝန်ကြီး မန္တလေးတိုင်းအတွင်း စစ်ဆေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၈- ၄- ၂၀၂၄)

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ်၊ ပြင်ဦးလွင် စစ်တက္ကသိုလ်နဲ့ (၁၀) မိုင်အကွာရှိ သရက်ကုန်းရွာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်စဉ် ၆၀ မမ မော်တာအပါဝင် လက်နက်မျိုးစုံ (၆၁) လက် သိမ်းမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ 

ဒီစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေးတိုင်း) PDF - MDY က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဧပြီ (၁၄) မှာ ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကျောင်းဝန်းသို့ ရှော့တိုက်ဒုန်းတွေနဲ့တိုက်ခိုက်တယ်။ ဧပြီ (၁၅) မနက်မှာ သရက်ကုန်းရွာရှိ စစ်ကောင်စီစခန်းကို ထိုးစစ်ဆင်ပြီး ညနေပိုင်းမှာ စခန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်းစီဖက်က လေကြောင်းပစ်ကူသုံးရတဲ့အထိ တိုက်ပွဲပြင်းထန်ပြီး လက်နက် ၆၀ ကျော်သိမ်းမိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီသတင်းနဲ့အတူ ဖေါ်ပြထားတဲ့ မှတ်တမ်းဓာတ်ပုံထဲမှာတော့ ကာကွယ်ရေးဝန်ကြီး ဦရည်မွန်ရဲ့ ပုံကိုတွေ့ရပြီး “ကာကွယ်ရေးဝန်ကြီး MDY- PDF ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့စဉ်” လို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ်၊ အမ်းမြိုရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ရဲ့ တောဟိန်းတောင် ဗျူဟာကုန်းကို AA အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီလို့သတင်းထွက်...

- မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမ ရဲစခန်းနဲ့ သရက်ကန် ပျုရွာတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်...

- စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်က  ဝမ္မသူးဆေးရုံရှိ လူနာ ၅ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရတဲ့အပြင် ဆေးရုံ လုံးဝပျက်စီးသွားတဲ့အတွက် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ မင်းတပ်မြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More