Sunday, April 7, 2024

“ဝင်ငွေမတိုးပဲ ကုန်ဈေးနှုန်းပဲတိုးနေလို့ လူတိုင်းဒုက္ခရောက်နေချိန်မှာ စီ...


“ဝင်ငွေမတိုးပဲ ကုန်ဈေးနှုန်းပဲတိုးနေလို့ လူတိုင်းဒုက္ခရောက်နေချိန်မှာ စီးပွားရေး ဦးမော့လာတယ်ဆိုတာကတော့...”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၇- ၄- ၂၀၂၄)

“စစ်တပ် အာဏာသိမ်းပြီးကတည်းက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ထွက်သွားတယ်။ နိုင်ငံခြားဝင်ငွေနည်းလာလို့ ကုန်စည်တွေမသွင်းနိုင်ဖြစ်ပြီး ကုန်စည်ပြတ်လပ်လာ၊ ကုန်ဈေးနှုန်းကတက်၊ လစာက မတက်၊ လူတွေရဲ့စားဝတ်နေရေး ဒီလောက်ခက်ခဲနေချိန်မှာ စီးပွားရေး ဦးမော့လာတယ်လို့ပြေတာဟာ လူထုကို ဗြောင်လိမ်တာပါပဲ” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားသတင်းဌာနတခုနဲ့ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း စစ်ကောင်စီဥက္ကဌက “၂၀၁၈ မှာကတည်းက အစိုးရ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ကျဆင်းခဲ့ရတဲ့ စီးပွားရေးဟာ သူ အာဏာသိမ်းပြီး ၃ နှစ်တာအတွင်း တိုးတက်လာတယ်၊ ဦးမော့လာတယ်”...ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် အခုလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထပ ပိုင်းမှာ...

- စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူတိုင်းလိုလို စီးပွားပျက်နေချိန်မှာ စီးပွားရေးဦးမော့လာပြီလို့ စစ်ကောင်စီဥက္ကဌက ဘာကြောင့်ပြောသလဲ... ဘယ်အချက်တွေပေါ် အခြေခံပြောတာလဲ...

- GDP ထုတ်ကုန် တိုးတက်မှု၊ FDI နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ CPI ငွေကြေးဖောင်းပွမှု၊ နယ်စပ်ကုန်သွယ်ရေး...စသဖြင့် အရေးကြီးအချက်အလက်တွေက စကစဥက္ကဌပြောတာနဲ့ ဘာတွေ ကွာဟနေသလဲ...

- စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း... ဒေါ်လာဈေး၊ ရွှေဈေး၊ လောင်စာဈေးကနေ ကဇွန်းရွက်ဈေးအထိ ဘယ်နှစ်ဆ တက်လာသလဲ...

- ကုန်ဈေးနှုန်းတက်တာနဲ့ ကာမိစေဖို့ လူတွေရဲ့ ဝင်ငွေတိုးအောင် စကစ က ဘာတွေ ဆောင်ရွက်ပေးနေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီအလွန်မှာ မြန်မာ့စီးပွားရေးတိုးတက်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More