Friday, April 26, 2024

“ဗျုဟာပိုင်းကို စဉ်းစားတဲ့အခါ တော်လှန်ရေးရဲဘော်တွေရဲ့ စိတ်ဓတ်ထိခိုက်နိုင...


“ဗျုဟာပိုင်းကို စဉ်းစားတဲ့အခါ တော်လှန်ရေးရဲဘော်တွေရဲ့ စိတ်ဓတ်ထိခိုက်နိုင်မှုကိုပါ ထည့်စဉ်းစားဖို့လိုပါတယ်” 

- လင်းထက်အောင် (CDM- တပ်မတော်အရာရှိ)

(၂၆- ၄- ၂၀၂၄)

“မြဝတီ-သင်္ကန်းညီနောင်တိုက်ပွဲတွေမှာ တော်လှန်ရေး ရဲဘော်တွေရဲ့ စိတ်ဓာတ်က အမြင့်ဆုံးကိုရောက်နေတယ်။ အခု မြဝတီကနေခွာတော့ တော်လှန်ရေးရဲဘော်တွေရဲ့ စိတ်ဓာတ်ကို ထိခိုက်နိုင်ပါတယ်၊ ဒါကို ဗျုဟာဆွဲသူတွေ ထည့်စဉ်းစားဖို့လိုပါတယ်” လို့ CDM တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

မြဝတီတိုက်ပွဲနောက်ဆုံးအခြေအနေ၊ စစ်တပ်ရဲ့ဝါဒဖြန်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မြဝတီကနေ ခွာလိုက်ခြင်းက စစ်ကောင်စီအတွက် ဝါဒဖြန့်စရာဖြစ်သွားခဲ့သလား...

- မြဝတီပတ်လည် တောင်ကုန်းတွေကို တော်လှန်ရေးတပ်တွေက ဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်သလဲ...

- BGF/ KNA က ဘာကြောင့် စစ်တပ်ကို ပြန်မလှန်ရဲ ဖြစ်နေတာလဲ...

- စစ်တပ်အတွင်း အကွဲအပြဲတွေဖြစ်နေတယ်ဆိုတာက ဘယ်လောက်မှန်ကန်မှုရှိသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဗုဒ္ဓဟူးနေ့ ညပိုင်းက မေးမြန်းထားချက်ဖြစ်ပါတယ်။ အရေးပေါ်သတင်းတွေကြောင့် ဒီနေ့မှ ထုတ်လွှင့်နိုင်တာဖြစ်ပါကြောင်း)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More