Thursday, April 4, 2024

“နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာလေတပ်စခန်းကို PDF က ဒရုန်းနဲ့တိုက်ခိုက်....


“နေပြည်တော် စစ်ရုံးချုပ်နဲ့ အေလာလေတပ်စခန်းကို PDF က ဒရုန်းနဲ့တိုက်ခိုက်... KIA က လွယ်ဂျယ်ကို သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၅- ၄- ၂၀၂၄)

နေပြည်တော်ရှိ စစ်ရုံးချုပ်နဲ့ အေလာလေတပ်စခန်းကို ဒရုန်းတွေနဲ့ တပြိုင်တည်း တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၄ ရက်၊ မနက် ၉ နာရီမှာစတင်တဲ့ အဲဒီစစ်ဆင်ရေးအတွင်း ဒရုန်း ၃၀ ခန့်အသုံးပြုပြီး စနစ်တကျ အချိန်ယူပြင်ဆင်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ပြောတာကို ကိုးကားဖေါ်ပြပါတယ်။

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကတော့ “ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအတွေ့အကြုံပါပဲ။
ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107 တစ်စင်းထက်  ၂၀% ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းပါတယ်။ ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ” လို့ ပြောကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီစစ်ဆင်ရေးကို တာဝန်ယူဆောင်ရွက်တဲ့အဖွဲ့ကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့နဲ့ ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဖေါ်ပြပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ စစ်ရုံးချုပ်နဲ့ အေလာလေယာဉ်ကွင်းမှာ ထိခိုက်မှုရှိပြီး နေပြည်တော် လေယာဉ်ကွင်းကို ယာယီပိတ်ထားလိုက်ရတယ်လို့ ဆိုရှယ်မီဒီယာမှာ သတင်းတွေ ပြန့်နေပါတယ်။

စစ်ကောင်စီဖက်ကတော့ နေပြည်တော် လေဆိပ်နဲ့ စစ်ရုံးချုပ်တည်ရှိရာ ဇေယျာသီရိမြို့နယ်ထဲ ပျံသန်းဝင်ရောက်လာတဲ့ Fixed Wing တွေထဲက ၁၅ စင်းကို လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အဲဒီ ၁၅ စင်းထဲက ၂ စင်းဟာ သတ်မှတ်နေရာမရောင်မီ ပေါက်ကွဲသွားခဲ့တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကပြောတယ်ဆိုပြီး စစ်ကောင်စီနဲ့နီးစပ်တဲ့ မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- တရုတ် - မြန်မာနယ်စပ်ရှိ  လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမြို့ကို KIA နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီး အရေးကြီးနေရာအတော်များများမှာ စစ်ကောင်စီအလံကိုဖြုတ်ချကာ KIA အလံတွေ လွှင့်တင်ထား...

- တနသာၤရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး နေအိမ်အချီု့ မီးလောင်ပျက်စီး...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More