“ကျုံဒိုးဖက် ဦးတည်တဲ့ စစ်ကောင်စီတပ်ကို KNLA ကြားဖြတ်တိုက်ခိုက်...မြစ်ကြီးနား၊ မန္တလေး လေယာဉ်ကွင်းတွေကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”
(၂၀ -၄ -၂၀၂၄)
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ခွဲဒေသဆီ ကျုံဒိုးချောင်းဖျား၊ နဘူးလမ်းကြောင်းကနေ စစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်တွေကို KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ မဟာမိတ်တွေက မနေ့မနက် ၇ နာရီမှာ ကြားဖြတ်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူသုံးနေတယ်လို့ KIC - Karen Information Center က ဖေါ်ပြပါတယ်။
ဒီစစ်ကြောင်းဟာ ကျုံဒိုးအခြေစိုက် ခမရ ၅၄၅/ ၅၄၆ တပ်ရင်းတွေကနေတဆင့် ချောင်းဖျား ၊ အုန်းတစ်ပင်ရွာဘက် ထွက်လာစဉ် အခုလိုတိုက်ခိုက်ခံရတာဖြစ်ပါတယ်။ စစ်ကောင်စီဖက်က အကျအဆုံးများတဲ့အတွက် လေကြောင်းပစ်ကူသုံးနေတာကြောင့် ဒေသခံတွေ ရွာထဲက ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ကော့ကရိတ်မြို့တွင်းနေရာတွေ၊ အာရှလမ်းမ နေရာတွေကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေ၊ အတွဲလိုက် ရောကက်ဒုံးတွေနဲ့ ပစ်ခတ်နေတယ်လို့ဖေါ်ပြပါတယ်။ ဒါပေမယ့် တော်လှန်ရေးတပ်ပေါင်းစုက ဖြတ်တောက် ပိတ်ဆို့ထားတဲ့အတွက် ရှေမတိုးနိုင် ဖြစ်နေတယ်လို့ ဆိုပါတယ်။
မြဝတီမြို့သို့ စစ်ကူတက်လာနေတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၅၀၀ ခန့်ရှိပြီး စစ်ကြောင်း ၃ ကြောင်းခွဲကာ ကော့ကရိတ်၊ နဘူး၊ ထို့ကော်ကိုး၊ အာရှလမ်းသစ် စတဲ့လမ်းကြောင်းတွေကနေ ရှေ့တိုးဖို့ကြိုးစားနေပုံရတယ်လို့ ဖေါ်ပြပါတယ်။
ဒါပေမယ့် ဒေသတွင်းလှုပ်ရှားနေတဲ့ ကျားဖြူစစ်ကြောင်း စစ်ကြောင်းမှူး ဗိုလ်ကျော်သက်ကတော့ “စစ်ကောင်စီက ဒီအင်အားလောက်နဲ့တော့ ထိုးဖောက်လို့ လွယ်ကူမှာမဟုတ်ဘူး။ တော်လှန်ရေးတပ်တွေက နေရာတိုင်းကနေ ဖြတ်တောက်ပိတ်ဆို့ထားတယ်” လို့ ပြောတယ်ဆိုပြီး KIC က ဖေါ်ပြထားပါတယ်။
မြဝတီဖက်က ဝင်လာတဲ့သတင်းတွေမှာတော့ အမှတ် ၂ ချစ်ကြည်ရေးတံတားအောက်မှာ ပုန်းနေတဲ့ ခလ၇ ၂၇၅ က ထွက်ပြေးလာတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေက မနေ့ညဦးပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တယ်လို့ ဖေါ်ပြပါတယ်။
ဒ့ါအပြင် မြဝတီမြို့ အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်သွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံး ပြောခွင့်ရ ပဒိုစောတောနီးက The Reporters ထိုင်း- သတင်းဌာနကို ပြောတယ်လို့လည်း ဆိုပါတယ်။
စစ်ဆင်ရေးကိစ္စတွေပြီးပြတ်အောင် အရင်လုပ်ပြီးမှ မြဝတီမြို့အုပ်ချုပ်ရေးကို ဆက်လုပ်မယ်လို့ KNU ဖက်ကပြောတာကို ဖေါ်ပြထားတာတွေ့ရပါတယ်။
ဒါ့အပြင်...
- ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ နမ့်ပေါင်း စစ်ကောင်စီလေတပ်စခန်းကို People’s Defense Forces – NBPDF က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်...
- မန္တလေးတိုင်း၊ တံတားဦးမြို့ရှိ တံတားဦးလေဆိပ်ကိုလည်း Freedom Revolution Force - FRF နဲ့ Kyaukse Revolution Army – KRA တို့က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်...
- ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာ ၃ ခုကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် ကလေး ၂-ဦးနဲ့ အသက်ကြီးပိုင်း အမျိုးသားတဦး ထိခိုက် ဒဏ်ရာရ...
- မွန်ပြည်နယ်၊ ကျိုက်မရောဒေသအတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ မွန်ပြည်သစ်ပါတီ-စစ်အာရှင်တိုက်ဖျက်ရေး NMSP-AD ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေ...
... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)
0 comments:
Post a Comment