Friday, April 5, 2024

“ဘူးသီးတောင် ခမရ (၅၆၄) ကို AA သိမ်းပိုက်... သင်္ဃန်းညီနောင် အခြေချစစ်ဗျူ...


“ဘူးသီးတောင် ခမရ (၅၆၄) ကို AA သိမ်းပိုက်... သင်္ဃန်းညီနောင် အခြေချစစ်ဗျူဟာကို KNLA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၆- ၄- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကို ဧပြီ (၅) ရက်၊ မနက် (၈) နာရီမှာ အပြီးသိမ်းပိုက်လိုက်ပြီလို့ AA  ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ (၁) ရက်နေ့မှာ စတင်ထိုးစစ်ဆင်ပြီး ၅ ရက်နေ့မှာ သိမ်းလိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီဖက်က ကြည်းတပ်၊ လေတပ်တို့ပူးပေါင်းပြီး အသည်းအသန် ခုခံကာကွယ်နေတဲ့ကြားကနေ အခုလိုသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဖက်က ၈၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းမိခဲ့တယ်လို့ဆိုပါတယ်။ AA ဖက်ကလည်း ထိုက်သင့်တဲ့ ပေးဆပ်မှု၊ ရင်းနှီးမှုရှိခဲ့ပြီး ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်တွေကို ရက္ခိုင့်တပ်တော်၊ စစ်ရုံးချုပ်က လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါဟာ ဘူးသီးတောင်ရှိ ခမရ (၅၅၂) တပ်ရင်းကို မတ်လ ၂၅ မှာသိမ်းပြီးတဲ့နောက် နောက်ထပ် တပ်ရင်းတခုကို ၅ ရက်အတွင်း ထပ်သိမ်းခဲ့တာဖြစ်ပါတယ်။ ကျန်နေသေးတဲ့ စစ်ကောင်စီစခန်းအားလုံးကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တယ်လို့ AA က ပြောပါတယ်။

တချိန်တည်းမှာပဲ မောင်တောမြိုနယ်၊ ကြိမ်ချောင်း နယ်ခြားစောင့်တပ်စခန်းနဲ့ အခြားနေရာတွေကိုလည်း AA က ထိုးစစ် အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီရဲ့ အခြေချစစ်ဗျူဟာကုန်းကို KNLA နဲ့ မဟာမိတ်တွေက ဧပြီ ၅ ရက်၊ နေ့လယ်ပိုင်းမှာ သိမ်းပိုက်...

- မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊  မုပ္ပလင်လမ်းဆုံရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်...

- ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဗန်းမော် - မန္တလေးလမ်းပေါ်ရှိ ဗျုဟာအရအရေးပါတဲ့ ဟန်ထက် စစ်ကောင်စီစခန်းကို KIA နဲ့ မဟာမိတ်တွေက သိမ်းပိုက်...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More