Saturday, April 20, 2024

“အကြောက်တရားနဲ့ အရမ်းဖိတဲ့အခါ မုန်းတီးမှု၊ နာကြည်းမှုဖက်ရောက်သွားပြီး ဒီ...


“အကြောက်တရားနဲ့ အရမ်းဖိတဲ့အခါ မုန်းတီးမှု၊ နာကြည်းမှုဖက်ရောက်သွားပြီး ဒီကောင်တွေကို တိုက်မှရမယ်ဆိုတဲ့အထိ ဖြစ်သွားတယ်”

- ဒေါက်တာ မီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၂၀ - ၄- ၂၀၂၄)

“ပြည်သူထောက်ခံမှုမရတဲ့ဘက်က စစ်ရှုံးတယ်ဆိုတာ စစ်ဗျုရဲ့အခြေခံပဲ၊ ဒါကို စစ်ကောင်စီက သဘောမပေါက်ဘူး။ ခေတ်ဟောင်းကနည်းတွေအတိုင်း လူထုကို အကြောက်တရားနဲ့ အရမ်းဖိတဲ့အခါ မုန်းတီးမှု၊ နာကြည်းမှုဖက်ရောက်သွားပြီး ဒီကောင်တွေကို တိုက်မှရမယ်ဆိုတဲ့အထိ ဖြစ်သွားတယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ (Asia Pacific Center for Security Studies) ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

မြဝတီက တိုက်ပွဲအခြေအနေ၊ စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး အလွန်အကျွံသုံးပြီး ရွာတွေကို ဗုံးကြဲတဲ့အခြေအနေတွေရဲ့ အကျိုး-အပြစ် အကြောင်း ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေက အရပ်သားတွေအပေါ်ဘယ်လို ထိခိုက်စေသလဲ... ။ အကျိုး-အပြစ်က ဘယ်လိုဆက်ဖြစ်နိုင်သလဲ....

- မြဝတီစစ်မျက်နှာက မြန်မာပြည်တွင်းရေးအပြင် ထိုင်းနဲ့ နိုင်ငံတကာအတွက်ပါ ဘာကြောင့် အရေးကြီးနေသလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More