Saturday, April 13, 2024

“ဖားအံက တက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်... ဟားခါးမှာ စစ်ကောင်စ...


“ဖားအံက တက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်... ဟားခါးမှာ စစ်ကောင်စီဝန်ကြီးတွေ တိုက်ခိုက်ခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၄- ၄- ၂၀၂၄)

ကရင်ပြည်နယ်၊ ဖားအံကနေ မြဝတီကို စစ်ကူတက်လာနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကော့ကရိတ်ခရိုင်အတွင်းရှိ ကျိုးဒိုးချောင်းဖျား၊ မြပတိုင်၊ ကော့နွဲ့  စတဲ့နေရာတွေမှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၃၀ နီးပါး သေဆုံးပြီး  (Faw) ဖောကား တစီးပျက်စီးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်း (Albino Tiger Column) က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၃ နေ့လယ်ပိုင်းမှာ အခုလို တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ဟာ လေယာဉ်နဲ့ကင်းထောက်ပြီး လက်နက်ကြီးတွေနဲ့ ရွာတွေထဲပါမရှောင် ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

နောက်ထပ် စစ်ကြောင်းတခုဖြစ်တဲ့ Hydra Column ကတော့ စစ်ကောင်စီတပ်တွေဟာ ကော့နွဲ့တံတား (ကျိုးပျက်) အနီးမှာ အထိုင်ချပြီး လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးကျည်တွေနဲ့ တနေကုန် ပစ်ခတ်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ စစ်ကူအဖွဲ့ ရှေ့မတိုးနိုင်အောင် တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်နေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

မြဝတီ-မဲဆောက် နယ်စပ်က ဝင်လာတဲ့သတင်းတွေမှာတော့ ဧပြီ ၁၃ ရက်က မြဝတီမှာ တိုက်ပွဲငြိမ်နေပြီး ခလ၇ ၂၇၅ က ထွက်ပြေးလာတဲ့ စစ်သားတွေ ပုန်းအောင်းနေရာ အမှတ် ၂ တံတားကိုတောင် ပြန်ဖွင့်ပြီး ကုန်တင်ကားတွေ ပုံမှန်အတိုင်း သွားနေပြီလို့ ဖေါ်ပြပါတယ်။

အမှတ် ၁ တံတားကတော့ အရင်နေ့တွေကအတိုင်း ပုံမှန်ဖွင့်ထားပြီး မြဝတီဖက်ကလူတွေ 
မဲဆောက်ဖက်ကို ၇ ရက်စာ လက်မှတ်ယူပြီး ထွက်နေကြဆဲလို့ဆိုပါတယ်။ ဒါပေမယ့် အဲဒီလက်မှတ်ကို ဘယ်အဖွဲ့က ထုတ်ပေးနေသလဲ၊ စစ်ကောင်စီရဲ့ လဝက ဝန်ထမ်းတွေရှိနေဆဲလား ဆိုတာကိုတော့ နယ်စပ်သတင်းတွေမှာ ရှင်းရှင်းလင်းလင်း ဖေါ်ပြမထားပါဘူး။

ထိုင်းသတင်းဌာနတွေက ဖေါ်ပြတဲ့ ဓာတ်ပုံတွေထဲမှာတော့ မြဝတီဖက်က အလံတိုင်မှာ စစ်ကောင်စီအလံ လွှင့်ထူထားဆဲဖြစ်တာကို တွေ့ရပါတယ်။ 

အချို့သတင်းတွေမှာတော့ အရင်က ကရင်နယ်ခြားစောင့်တပ် BGF အဖြစ်လူသိများခဲ့ပြီး အခု ကရင်အမျိုးသားတပ်မတော် KNA အဖြစ် အမည်ပြောင်းထားတဲ့အဖွဲ့က မြဝတီကို ထိန်းချုပ်ထားတယ်လို့ တွေ့ရပါတယ်။ ဗိုလ်ချစ်သူ ဦးဆောင်တဲ့ ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ စစ်ကောင်စီအောက်ကနေခွဲထွက်ပြီး ကြားနေအဖွဲ့အဖြစ် ကြေညာထားတာ ဖြစ်ပါတယ်။

ဒါ့အပြင်...

- ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့မှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်ထဲမှာ ဗျုဟာမှူး၊ စစ်ကြောင်းမှူးနဲ့ တပ်ရင်းမှုးတွေပါ ပါဝင်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) က ပြောဆို...

- ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီး ၂ -ဦး လိုက်ပါလာတဲ့ ကားကို တိုက်ခိုက်ခဲ့ပြီး ဝန်ကြီးနဲ့အချို့ ဒဏ်ရာရတယ်လို့ (CDF -Hakha) က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More