Thursday, April 11, 2024

“မြဝတီ- မဲဆောက် နယ်စပ်အခြေအနေ မေးမြန်းချက်”


“မြဝတီ- မဲဆောက် နယ်စပ်အခြေအနေ မေးမြန်းချက်”

(၁၁- ၄- ၂၀၂၄)

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA ဦးဆောင်တဲ့ မဟာမိတ်တွေက မနေ့ညက သိမ်းပိုက်လိုက်ပြီးတဲ့နောက် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထိုင်းဖက်ကို ထွက်ပြေးဖို့အတွက် သောင်ရင်းမြစ်ကမ်းဘေး (မြို့ပြင်က တံတား) ချစ်ကြည်ရေးတံတားအောက်မှာ လာစောင့်နေတာ တွေ့ရတယ်လို့ မြဝတီ-မဲဆောက် နယ်စပ်တံတားအနီးရောက်ရှိနေတဲ အလုပ်သမားအရေးကူညီဆောင်ရွက်သူ (JACBA) - ဥက္ကဌ- ဦးမိုးကြိုးက ပြောပါတယ်။

မြို့ပြင်ကတံတားကို ပိတ်လိုက်ပြီဖြစ်ပေမယ့် မြို့ထဲကတံတားကိုတော့ ပုံမှန်ဖွင့်ထားဆဲဖြစ်ပြီး စစ်ဘေးရှောင်တွေ ရာနဲ့ချီ မဲဆောက်ဖက် ဝင်လာနေဆဲလို့ဆိုပါတယ်။

ဒါပေမယ့် ထိုင်းဖက်က ဒုက္ခသည်တသိန်းအထိလက်ခံမယ်ပြောထားပေမယ့် အခုချိန်အထိ တရားဝင်စခန်းဖွင့်တာ မတွေ့ရသေးဘူးလို့ဆိုပါတယ်။ အရင် ၂၀၀၉  ခုနှစ်မှာ DKBA က မြဝတီကိုသိမ်းစဉ် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် ဆောက်ပေးထားဖူးတဲ့ စခန်းဟောင်း ၃ ခုတော့ ရှိတယ်လို့သိရပါတယ်။

မြဝတီ-မဲဆောက်နယ်စပ် နောက်ဆုံးအခြေအနေနံ့ပတ်သက်ပြီး မြန်မာအချိန် ညနေ ၆ နာရီခန့်က ဦးမိုးကြိုးနဲ့မေးမြန်းထားတာကို ထုတ်လွှင့်လိုက်ပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More