Sunday, April 21, 2024

မြဝတီ-မဲဆောက် နယ်စပ် နောက်ဆုံးအခြေအနေ မေးမြန်းချက်


မြဝတီ-မဲဆောက် နယ်စပ် နောက်ဆုံးအခြေအနေ မေးမြန်းချက်

(၂၁- ၄- ၂၀၂၄)

မြဝတီမြို့မှာ မနေ့က တနေကုန်တိုက်ပွဲဖြစ်ပြီးတဲ့နောက် ဒီမနက် နေ့လယ်ပိုင်းကနေ ညနေအထိ တိုက်ပွဲငြိမ်နေတယ်။ တိုက်ပွဲစဖြစ်ချိန်မှာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်းဖက်က ပိတ်ထားလိုက်ပြီး အမှတ် ၁ တံတားကိုတော့ ဒီနေ့ မနက်ပိုင်းမှာ မြန်မာဖက်က ပိတ်လိုက်တယ်လို့သိရပါတယ်။

စစ်ဘေးရှောင်တွေကတော့ မနေကတည်းက တနေကုန်ထွက်ပြေးနေကြပြီး အခုဆိုရင် ၃ ထောင်ကျော်၊ ၄ ထောင်နီးပါးအထိ ထိုင်းကဖွင့်ထားတဲ့ ယာယီစစ်ရှောင်စခန်းတွေမှာ ရောက်နေတယ်လို့ BNN က မေးမြန်းခွင့်ရတဲ့ ဒေသခံတဦးကပြောပါတယ်။

သောင်းရင်းမြစ်ကိုကူးပြီး အရေးပေါ်ထွက်ပြေးလာသူတွေကို ထိုင်းစစ်သားတွေက ကူညီပြီး တခါတည်း စစ်ဘေးရှောင်စခန်းဆီ ပို့ပေးတယ်လို့ဆိုပါတယ်။ အမှတ် ၁ တံတားကနေ ၇ ရက်စာ လက်မှတ်နဲ့ထွက်လာသူတွေကတော့ မဲဆောက်မြို့ထဲအပါဝင် မဲဆောက်ဝန်းကျင်က အခြားရွာတွေမှာ နေလည်းရတယ်။ စစ်ဘေးရှောင်ခစန်းဆီ ဝင်ချင်လည်းရတယ်၊ ထိုင်းစစ်သားတွေက စစ်ဘေးရှောင်စခန်းဆီ ကူညီပို့ဆောင်ပေးနေတယ်လို့သိရပါတယ်။

မြဝတီ-မဲဆောက် နယ်စပ်အခြေအနေနဲ့ပတ်သက်ပြီး ဒီနေ့ (ဧပြီ ၂၁) ညနေ ၅ နာရီခန့်က အမှတ် ၂ တံတားဖက်ရှိ ဒေသခံအမျိုးသမီးတဦးနဲ့ မေးမြန်းထားတာကို အခု ထုတ်လွှင့်ပေးလိုက်ပါတယ်...။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More